■ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်လိုပါက မန်စီးတီးအား အနိုင်ရအောင် ကစားရမည်ဟု အာဆင်နယ်အသင်းကို ဂယ်ရီနဗီးလ် သတိပေး     

■ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်လိုပါက မန်စီးတီးအား အနိုင်ရအောင် ကစားရမည်ဟု အာဆင်နယ်အသင်းကို ဂယ်ရီနဗီးလ် သတိပေး     
Photo: Sky Sports
Photo: Sky Sports
Published 29 March 2024

နာမည်ကျော် ဘောလုံးသုံးသပ်သူ ဂယ်ရီနဗီးလ်ကမူ အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်စိန်ခေါ်လိုပါက မန်စီးတီးကို အဝေးကွင်းတွင် မဖြစ်မနေအနိုင်ရအောင် ကစားရမည်ဟု သုံးသပ်ခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၂၈) ပွဲ ကစားပြီးချိန်တွင် ရမှတ် (၆၄) မှတ်နှင့် လီဗာပူးလ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေသည်။ မန်စီးတီးအသင်းမှာမူ ရမှတ် (၆၃) မှတ်ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်နေပြီး အာဆင်နယ်အသင်းနှင့် (၁) မှတ်သာ ကွာဟသည်။

အာဆင်နယ်အသင်းသည် မတ်လ (၃၁) ရက်တွင် မန်စီးတီးအသင်းကို အဝေးကွင်းတွင် သွားရောက် ကစားရမည်ဖြစ်ပြီး ယင်းပွဲရလဒ်မှာ နှစ်သင်းစလုံးအတွက် အရေးပါနေသည်။ 

"ဘာကြောင့် အာဆင်နယ်အသင်း အနိုင်ရဖို့ လိုအပ်သလဲဆိုတော့ အာဆင်နယ်အသင်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်၊ တော့တင်ဟမ် ကွင်းတွေမှာလည်း သွားကစားရဦးမှာကြောင့်ပါ။ ဒီပွဲရဲ့ ရလဒ်က စိတ်ပိုင်းဆိုင်ရာကို အမှန်တကယ်ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဖျက်ဆီးမိသွားစေနိုင်သလို၊ ယုံကြည်မှုလည်း ပိုအားကောင်းလာစေနိုင်ပါတယ်"ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် နည်းပြ အာတီတာလက်ထက်တွင် ခြေစွမ်းရော ရလဒ်ပိုင်းပါ တိုးတက်လာသော်လည်း မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်၌ တစ်ပွဲသာ အနိုင်ရရှိဖူးသေးပြီး အဝေးကွင်း(၄)ပွဲစလုံး ရှုံးနိမ့်ထားကြောင်း သိရသည်။

Most Read

Most Recent