မဒမ်တူးဆော့ဖယောင်းပြတိုက်၌ ရုပ်တုထုလုပ်၍ ထားရှိခံရမည့် ပထမဆုံးအမျိုးသမီးဘောလုံးသမားအဖြစ် မာရီအက်ပ်စ် မှတ်တမ်းဝင်မည်

မဒမ်တူးဆော့ဖယောင်းပြတိုက်၌ ရုပ်တုထုလုပ်၍ ထားရှိခံရမည့် ပထမဆုံးအမျိုးသမီးဘောလုံးသမားအဖြစ် မာရီအက်ပ်စ် မှတ်တမ်းဝင်မည်
Photo: X
Photo: X
Published 4 March 2024

အင်္ဂလန်လက်ရွေးစင်အသင်းနှင့် မန်ယူအသင်းတို့၏ ဂိုးသမား မာရီအက်ပ်စ်သည် နာမည်ကျော် မဒမ်တူးဆော့ဖယောင်းပြတိုက်၌ ရုပ်တုထုလုပ်၍ ထားရှိခံရမည့် ပထမဆုံးအမျိုးသမီးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်တော့မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့  တက်လှမ်းနိုင်ခဲ့သည့်အတွက် အင်္ဂလန်အမျိုးသမီးအသင်းမှတစ်ဦးကို ရုပ်တုထုလုပ်ရန် မဒမ်တူးဆော့ပြတိုက်က စီစဉ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မာရီအက်ပ်စ်အပါအဝင် ကစားသမား(၇)ဦးနှင့် နည်းပြ ဝီဂ်မန်းတို့ကို ဆန်ခါတင်(၈)ဦးအဖြစ် သတ်မှတ်ကာ ပရိသတ်များအား မဲပေးရွေးချယ်စေခဲ့သည်။

ဆန္ဒမဲရလဒ်ကို ကြေညာခြင်းမရှိသေးသော်လည်း မာရီအက်ပ်စ် ရွေးချယ်ခံထားရပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

မာရီအက်ပ်စ်(၃၀ နှစ်)သည် FIFA ၏ အကောင်းဆုံးဂိုးသမားဆုကို ၂၀၂၂ နှင့် ၂၀၂၃ (၂)နှစ်ဆက်ရရှိထားသူဖြစ်သည်။

မဒမ်တူးဆော့ပြတိုက်သည် မာရီအက်ပ်စ်၏ ဖယောင်းရုပ်တုကို လန်ဒန်မြို့ရှိပြတိုက်တွင် ထားရှိသွားမည်ဟု သိရသည်။

Most Read

Most Recent