အမှားအယွင်းအနည်းငယ်ပြုလုပ်မိသည်နှင့် ချန်ပီယံဆု ဆုံးရှုံးရနိုင်သည်ဟု ဂွါဒီယိုလာ ဆို

အမှားအယွင်းအနည်းငယ်ပြုလုပ်မိသည်နှင့် ချန်ပီယံဆု ဆုံးရှုံးရနိုင်သည်ဟု ဂွါဒီယိုလာ ဆို
Photo: Premier League
Photo: Premier League
Published 7 May 2024

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်အသင်းနှင့် ပြိုင်ဆိုင်နေရသည့် အခြေအနေတွင် အမှားအယွင်းအနည်းငယ် ပြုလုပ်မိသည်နှင့် ချန်ပီယံဆု ဆုံးရှုံးရနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် တစ်ပွဲလျော့ (၁)မှတ်ကွာဟနေသည်။

ထို့ ကြောင့် အာဆင်နယ်အသင်းက လက်ကျန်(၂)ပွဲသာ ယှဉ်ပြိုင်ကစားရန် ကျန်ရှိတော့ပြီး မန်စီးတီးအသင်းမှာမူ လက်ကျန်(၃)ပွဲ ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသည်။

ယင်းအတွက် မန်စီးတီးအသင်းက အားသာချက်ပိုရှိနေပြီး ချန်ပီယံဆုရရှိရန်လည်း ပိုမိုရေပန်းစားနေသည်။

သို့သော် ဂွါဒီယိုလာကမူ အမှားအယွင်းမခံသည့်အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ကစားသမားတွေရော၊ အသင်းဝန်ထမ်းတွေရော၊ ပရိသတ်တွေရော အားလုံးက အမှားအယွင်းနည်းနည်းလေးတောင် လုပ်လို့မရဘူးဆိုတာ သိထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံဆုကို ဆုံးရှုံးသွားနိုင်လို့ပါ။ လီဗာပူးလ်အသင်း ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတာ သူတို့ သိသလို၊ ကျွန်တော်တို့လည်း သိပါတယ်။ လက်ရှိအခြေအနေက မလွယ်ကူပါဘူး။ကျွန်တော်တို့လက်ထဲမှာ (၃)ပွဲရှိနေပါတယ်။ အဲဒီ (၃)ပွဲစလုံးကို အနိုင်ရခဲ့ရင်တော့ ကျွန်တော်တို့ ချန်ပီယံဖြစ်ပါပြီ''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

Most Read

Most Recent