ယခုရာသီသည် ၎င်း၏အကောင်းဆုံးဟု ဗင်နီစီယပ်စ် ဆို

ယခုရာသီသည် ၎င်း၏အကောင်းဆုံးဟု ဗင်နီစီယပ်စ် ဆို
Photo: Reuters
Photo: Reuters
Published 16 May 2024

ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ယခုရာသီမှာ မိမိအတွက် အကောင်းဆုံးရာသီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ရီးယဲလ်အတွက် ယခုရာသီပြိုင်ပွဲစုံ (၃၇)ပွဲတွင် (၂၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု(၁၁)ကြိမ် ပြုလုပ်ထားသည်။

ဗင်နီစီယပ်စ်က ''အခုရာသီက ကျွန်တော့်ရဲ့ အကောင်းဆုံးလို့ထင်ပါတယ်။ အခုအချိန်မှာ အရာအားလုံးကို စိတ်ချမ်းမြေ့မှုအပြည့်နဲ့ လုပ်ဆောင်နေပြီး ဒေါ့မွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်နေပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent