ဂျော်အိုဖေးလစ်နဲ့ အက်သလက်တီကိုရဲ့ အမုန်း

ဂျော်အိုဖေးလစ်နဲ့ အက်သလက်တီကိုရဲ့ အမုန်း
Photos: X,Marca
Photos: X,Marca
Published 7 September 2024
Lin Oo Eain

အက်သလက်တီကိုမှာ ဖေးလစ်ရဲ့ ခြေစွမ်းက သိပ်မဆိုးသလို၊ မှတ်တမ်းမှတ်ရာတွေကလည်း သိပ်မဆိုးလှဘူး။ ဒါပေမဲ့ ဖေးလစ်ဟာ ဘယ်တုန်း ကမှ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ သူတို့အသင်းနည်းပြ ဆီမြွန်နီ မျှော်လင့်ထားတဲ့အဆင့်ဆီကိုလည်း မရောက်ခဲ့ဘူးဆိုတာလည်း အမှန်ပါပဲ။ နောက်ဆုံးမှာ အက်သလက်တီကိုမှာ ကစားခွင့်ပျောက်လာတယ်။ နောက်တော့ ချယ်လ်ဆီး ကို ရာသီဝက်အငှားနဲ့ရောက်တယ်။  ပြီးတော့ ဘာစီလိုနာမှာ အငှားနဲ့ကစားခဲ့တယ်။ ပေါ်တူဂီသား တိုက်စစ်ကစားသမားဟာ အိုဘလက်ခ်ကို အနိုင်ယူပြီး ဂိုးသွင်းခဲ့ပြီးတဲ့နောက်မှာ ဘယ်လင်ဂမ်စတိုင် အောင်ပွဲခံပုံစံနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အဝေးကွင်းပရိသတ် အနည်းငယ်ရှေ့မှာ သွားရောက်အောင်ပွဲခံခဲ့ပြီး သူ့ရဲ့ ကျေနပ်နှစ်သက်မှုကို သွားရောက်ပြသခဲ့တယ်။ ဒီအောင်ပွဲခံပုံမှာ ဖေးလစ်ရဲ့ မကျေနပ်မှုတွေ ပါဝင်ခဲ့တယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဘာစီလိုနာကွင်းထဲက ပရိသတ်တွေရော ကွင်းပြင်က ပရိသတ်တွေပါ ဖေးလစ်ရဲ့ အောင်ပွဲခံပုံကို ချီးကျူးခဲ့ကြတယ်။ အက်သလက်တီကို ပရိသတ်တွေရဲ့ ပြစ်တင်ရှုတ်ချခြင်းကိုလည်း ဂျော်အိုဖေးလစ် ခံခဲ့ရတယ်။

 

Most Read

Most Recent