ချန်ပီယံတိုက်ပွဲနဲ့ မက်ဒရစ်ဒါဘီအရှိန်အဟုန်

ချန်ပီယံတိုက်ပွဲနဲ့ မက်ဒရစ်ဒါဘီအရှိန်အဟုန်
Photos: AFP
Photos: AFP
Published 29 September 2024
Phoe Thar

ဒီပွဲစဉ်ဟာ လက်ရှိချန်ပီယံလည်းဖြစ်၊ ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးအသင်းလည်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ထက်၊ ချန်ပီယံကြိုးဝိုင်းထဲကို ဝင်ဖို့ကြိုးစားနေတဲ့ အက်သလက်တီကိုရဲ့ အရည်အသွေးကိုဆန်းစစ်ပေးမယ့်ပွဲလည်းဖြစ်ပါတယ်။ လာလီဂါချန်ပီယံတိုက်ပွဲမှာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို ပခုံးချင်းယှဉ်ဖို့ဆိုတာက စပိန်ကလပ်အသင်းတိုင်းအတွက် ခက်ခဲကြမ်းတမ်းလွန်းတဲ့ မျှော်လင့်ချက်ဆိုပေမယ့် အက်သလက်တီကိုကတော့ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ဒီဘီလူး (၂)သင်းကိုကျော်ဖြတ်ပြီး ချန်ပီယံဆုကို (၂)ကြိမ်တိတိကိုင်မြှောက်ပြနိုင်ခဲ့တဲ့ အစဉ်အလာကြောင့် ချန်ပီယံပြေးလမ်းမှာ တတိယဦးစားပေးအဖြစ် အမြဲလိုလိုရပ်တည်နိုင်ခဲ့တာပါ။ ဆီမြွန်နီလက်ထက် (၁၃)နှစ်ကျော်အတွင်းမှာ အက်သလက်တီကိုအသင်းဟာ လာလီဂါရဲ့သာမန်အဆင့်အသင်းတစ်သင်းကနေ ဥရောပရဲ့ထိပ်တန်းအဆင့်အသင်းတစ်သင်းအဖြစ် ပုံရိပ်ပြောင်းလဲနိုင်ခဲ့ပြီး ဒီပြောင်းလဲတွေမှုကပဲ အက်သလက်တီကိုအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကိုကြီးမားစေခဲ့တာပါ။ ဒါကြောင့် အပြောင်းအလဲများစွာ ပြုလုပ်ထားတဲ့ ဒီရာသီမှာလည်း အက်သလက်တီကိုအပေါ် မျှော်လင့်ချက်ထားခဲ့ကြတာဖြစ်ပြီး မက်ဒရစ်ဒါဘီစွမ်းဆောင်ရည်မှတ်တမ်းနဲ့ ပွဲရလဒ်က မျှော်လင့်ချက်တွေနဲ့ ထိုက်တန်မှုရှိ၊ မရှိဆုံးဖြတ်ပေးမှာပါ။

 

Most Read

Most Recent