အသင်းဖော်များကြောင့် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနား စိတ်ပျက်နေပြီး လက်ရွေးစင်အသင်းမှ အနားယူချင်နေကြောင်း ပြောကြား

အသင်းဖော်များကြောင့် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနား စိတ်ပျက်နေပြီး လက်ရွေးစင်အသင်းမှ အနားယူချင်နေကြောင်း ပြောကြား
Photo: ESPN
Photo: ESPN
Published 11 September 2024

 

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း ခေါင်းဆောင်ဖြစ်သူ ဒီဘရိုင်းနားက ပြင်သစ်အသင်းအား ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲအပြီးတွင် အသင်းဖော်များကြောင့် လက်ရွေးစင်အသင်းမှ အနားယူချင်နေကြောင်း ပြောကြားခဲ့သည်။

ဒီဘရိုင်းနားသည် ဘယ်လ်ဂျီယံအသင်း နှင့်အတူ ၁၄ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး နိုင်ငံတကာပွဲပေါင်း ၁၀၇ ပွဲ ကစားထားခဲ့သူ ဖြစ်သည်။ ယင်းပွဲအပြီးတွင် ဒီဘရိုင်းနားက မိမိအလုပ်ကို ကောင်းစွာမလုပ်သည့် အသင်းဖော်များကြောင့် စိတ်ပျက်မိကြောင်းလည်း ပြစ်တင်ဝေဖန်ခဲ့သည်။ 

ထို့ပြင် ၎င်းက ခံစစ်တွင် အသင်းကစားသမား ခြောက်ဦးအထိ ပိတ်ဆို့ကစားနေမှုအပေါ် အဓိကထား ဝေဖန်ထောက်ပြခဲ့ပြီး မိမိမှာ အသက် ၃၇ နှစ် ရှိနေပြီဖြစ်သောကြောင့် ယခုထက် ပိုမိုစွမ်းဆောင် နိုင်တော့မည် မဟုတ်ကြောင်းလည်း ဝန်ခံခဲ့သည်။ 

ဘယ်လ်ဂျီယံအသင်းနည်းပြဖြစ်သူ တယ်ဒယ်စကိုကမူ ဒီဘရိုင်းနား၏ ပွဲအပြီး အင်တာဗျူးကို မမြင်တွေ့ရသေးကြောင်း ပြောကြားပြီး အသင်းခေါင်းဆောင်ကို စိတ်အေးအေးထားရန် တောင်းဆိုခဲ့ကြောင်း ဝန်ခံခဲ့သည်။

Most Read

Most Recent