ပြင်သစ်လီဂူးရာသီပိတ်ပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူးရာသီပိတ်ပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 19 May 2024

တူးလူး - ဘရက်စ် (တနင်္လာနံနက် ၁း၃၀ နာရီ)

တူးလူးအတွက် အရေးမပါတော့ပေမယ့် ဘရက်စ်အတွက် တော့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် မဖြစ်မနေအ နိုင်ယူထားဖို့လိုပါလိမ့်မယ်။ တူးလူးအိမ်ကွင်းခြေစွမ်းမဆိုးလှ ပေမယ့် နိုင်ပွဲလိုနေတဲ့ ဘရက်စ်ကိုပဲရွေးထားချင်တယ်။

လော်ရီယန့် - ကလယ်မွန့် (တနင်္လာနံနက် ၁း၃၀ နာရီ)

တန်းဆင်းရဖို့သေချာသလောက်ရှိနေပေမယ့် လော်ရီယန့် ရာသီပိတ်အိမ်ကွင်းနောက်ဆုံးပွဲမှာတော့ မျက်နှာပျက်ခံမယ်မထင် ပါဘူး။ ကလယ်မွန့်က တန်းဆင်းဖို့သေချာနေတဲ့အသင်းပါ။ လော် ရီယန့်နိုင်ပွဲနဲ့အတူ ရာသီပိတ်ပါလိမ့်မယ်။

မိုနာကို - နန့်စ် (တနင်္လာနံနက် ၁း၃၀ နာရီ)

 ချန်ပီယံလိဂ်ဝင်ခွင့်သေချာနေပြီဆိုပေမယ့် ရာသီပိတ်အိမ် ကွင်းနောက်ဆုံးပွဲမှာတော့ မိုနာကိုတို့ နိုင်ပွဲနဲ့အတူ နှုတ်ဆက်ဖို့ ပဲကြိုးစားလာမှာပါ။ နန့်စ်ကဖိအားမရှိတော့လို့ ပေါ့ပေါ့ပါးပါးပဲက စားလာဖို့ရှိနေပြီး မိုနာကိုရဲ့ အိမ်ကွင်းပေါက်ကွဲအားကိုလည်း တောင့်ခံဖို့ခက်ပါလိမ့်မယ်။ လက်ရှိအခြေအနေအရ မိုနာကို နိုင်ပွဲဆက်ဖို့သေချာသလောက်ရှိနေပြီး ဂိုးလည်းများနိုင်ပါတယ်။

လိုင်လီ - နိုက်စ် (တနင်္လာနံနက် ၁း၃၀ နာရီ)

ဒီပွဲက လိုင်လီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေး ကြီးနေပြီး အမှတ်တူနဲ့ဖိအားပေးနေတဲ့ ဘရက်စ်ကြောင့် အိမ် ကွင်းမှာ အမှားခံလို့မရတဲ့ အခြေအနေပါ။ နိုက်စ်ကတော့ အ မှတ်ရသလောက်ယူထားပြီး လက်ကျန်မျှော်လင့်ချက်အနည်း ငယ်အတွက် တိုက်ပွဲဝင်လာမှာပါ။ လိုင်လီကအိမ်ကွင်းအား နဲ့ကစားတဲ့အသင်းဖြစ်ပြီး တိုက်စစ်ကစားပုံကောင်းမွန်သလို ခံစစ်ကလည်း ကျစ်လျစ်မှုရှိပါတယ်။ နိုက်စ်ကလတ်တလော Form အကောင်းဆုံးဖြစ်နေသလို ကွင်းမရွေးခြေစွမ်းမာကျော တဲ့အသင်းပါ။ နှစ်သင်းအကြား ကွာခြားချက်ကြီးကြီးမားမားမရှိ ပေမယ့် အိမ်ကွင်းခြေမာတဲ့ လိုင်လီနဲ့ပဲအရဲစွန့်မယ်။

လိုင်ယွန် - စထရာဘိုး (တနင်္လာနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးမျှော်လင့်ချက်ရော၊ ဖိအားပါရှိမနေလို့ နိုင်ပွဲနဲ့ အတူရာသီပိတ်နိုင်ဖို့ပဲ အပြိုင်ကြိုးစားလာမှာပါ။ လိုင်ယွန်ကအိမ် ကွင်းမာကျောတဲ့အသင်းဖြစ်ပြီး စထရာဘိုးကတော့ အဝေးကွင်းဆို ရင် ကစားပုံအားနည်းလွန်းပါတယ်။ လိုင်ယွန်ပဲရွေးထားမယ်။

Reims - ရန်းစ် (တနင်္လာနံနက် ၁း၃၀ နာရီ)

ဒီပွဲကလည်း ဖိအားမရှိတဲ့အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး Reims ရဲ့အိမ်ကွင်းကစားအားကို ရန်းစ်တို့ထိန်း ချုပ်နိုင်မလားစောင့်ကြည့်ရမယ်။ သရေကျဖို့များတဲ့ပွဲပါပဲ။

လန်းစ် - မောင့်ပယ်လီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

လန်းစ်က ဥရောပဝင်ခွင့်တစ်နေရာသေချာသလောက်ဖြစ် နေလို့ အိမ်ကွင်းမှာ အမှတ်ရဖို့ပဲအားထုတ်လာမှာပါ။ မောင့်ပယ်လီ ယာက ကွင်းမရွေးကစားပုံကောင်းပါတယ်။ သရေကျဖို့များတယ်။

လူအယ်ဗာ - မာဆေးလ် (တနင်္လာနံနက် ၁း၃၀ နာရီ)

မာဆေးလ်တို့ရလဒ်ကောင်းတွေနဲ့ ပြန်လာခဲ့ပေမယ့် ဥရော  ပဝင်ခွင့်အတွက်တော့ ခက်ခဲလွန်းသွားပါပြီ။ လူအယ်ဗာကလည်း ဖိအားမရှိတော့တဲ့အသင်းပါ။ လူအယ်ဗာအမှတ်ရနိုင်တယ်။

မက်ဇ် - PSG (တနင်္လာနံနက် ၁း၃၀ နာရီ)

မက်ဇ်ကလည်း တန်းဆင်းဇုန် Play-off ယှဉ်ပြိုင်ဖို့သေ ချာသလောက်ဖြစ်နေပြီး အခုအိမ်ကွင်းပွဲကိုလည်း ဖိအားကင်းကင်း နဲ့ကစားလာမှာပါ။ PSG ကတော့ ချန်ပီယံလိဂ်ကထွက်ခွာခဲ့ရပြီး ချိန်မှာ ပြင်သစ်လီဂူးဘက်ကို အာရုံပိုစိုက်နေပေမယ့် အသင်း တွင်းအပြောင်းအလဲတွေကြောင့် ထင်သလောက်ခရီးမရောက် ပါဘူး။ PSG နိုင်ဖို့များပေမယ့် ဂိုးပြတ်ဖို့တော့ခက်ပါလိမ့်မယ်။

Most Read

Most Recent