■ တစ်နေ့နေ့တွင် အေစီမီလန်အတွက် ကစားခွင့်ရလိုကြောင်း ဘာပေ ဖွင့်ဟ     

■ တစ်နေ့နေ့တွင် အေစီမီလန်အတွက် ကစားခွင့်ရလိုကြောင်း ဘာပေ ဖွင့်ဟ     
Photo: Getty Images
Photo: Getty Images
Published 31 May 2024

ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်သည့် ပြင်သစ်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေက သူသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အီတလီထိပ်တန်းကလပ်အသင်းကြီး တစ်သင်းဖြစ်သည့်အေစီမီလန်အသင်းအတွက် ကစားခွင့်ရလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

     

အီတလီအခြေစိုက် Sky Italia သတင်းဌာနနှင့်တွေ့ဆုံစဉ် ဘာပေက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

ဘာပေက "ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက မီလန်ရဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့တာပါ။ တစ်နေ့မှာ အီတလီကိုလာဖြစ်ရင် မီလန်အတွက် ကစားပေးချင်တယ်လို့ ကျွန်တော်အမြဲပြောဖူးပါတယ်။ အီတလီလိဂ်ပြိုင်ပွဲကို ကျွန်တော် အမြဲကြည့် ဖြစ်ပါတယ်။ မီလန်ရဲ့ပွဲတွေကို ပွဲတိုင်းကြည့်ဖြစ်ပါတယ်။ ကျွန်တော်က ပါရီမှာပါ။ အခု အသင်းသစ်ဆီကို ကျွန်တော် သွားရတော့မယ်။ ဘယ်အသင်းလဲဆိုတာ မပြောနိုင်သေးပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်ရထားတဲ့အရာတွေနဲ့ ပတ်သက်ပြီး တကယ့်ကို ပျော်ရွှင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဘာပေသည် ယခုနွေတွင် PSG အသင်းနှင့်လမ်းခွဲပြီးနောက် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရထားပြီဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူကြောင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် တရားဝင်ထုတ်ပြန်ကြေညာဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent