ဘာစီလိုနာဂန္ထဝင်တစ်ဦးဖြစ်ရန် ယမားလ်ဆန္ဒရှိနေ

ဘာစီလိုနာဂန္ထဝင်တစ်ဦးဖြစ်ရန် ယမားလ်ဆန္ဒရှိနေ
Photo: Lamine Yamal
Photo: Lamine Yamal
Published 20 June 2024

ဘာစီလိုနာအသင်း၏ စပိန်လက်ရွေးစင်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ လမိုင်းယမားလ်က ဘာစီလိုနာဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ရန်မှာ မိမိ၏ အိပ်မက်များထဲမှတစ်ခု ဖြစ်ကြောင်း Cope နှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်။

အသက် (၁၆)နှစ်အရွယ်သာရှိသေးသည့် လာမာစီယာအကယ်ဒမီထွက်ကစားသမား ယမားလ်သည် လက်ရှိတွင် ဘာစီလိုနာအသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသလို၊ စပိန်လက်ရွေးစင်အသင်းတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိနေသည့် ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်သည်။

ယမားလ်က ''ဘာစီလိုနာဂန္ထဝင်တစ်ဦးဖြစ်လိုတာက ကျွန်တော့် အိပ်မက်ပါ။ ဒီအတွက်လည်း အမြဲအသင့်ပြင်ထားပါတယ်'' ဟုဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် ယမားလ်အား ၎င်းအသက် (၁၈)နှစ်ပြည့်မည့် ၂၀၂၅ ခုနှစ်တွင်မှ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

Most Read

Most Recent