ဒေါ့ဘိခ်အားခေါ်ယူရန် အက်သလက်တီကို စီစဉ်နေပြီး လာမည့်ရက်သတ္တပတ်အတွင်း သဘောတူညီမှုရဖွယ်ရှိနေ

ဒေါ့ဘိခ်အားခေါ်ယူရန် အက်သလက်တီကို စီစဉ်နေပြီး လာမည့်ရက်သတ္တပတ်အတွင်း သဘောတူညီမှုရဖွယ်ရှိနေ
Photo : Getty Images
Photo : Getty Images
Published 17 June 2024

အက်သလက်တီကိုအသင်းသည် လာလီဂါပြိုင်ဘက် ဂျီရိုနာအသင်းမှ ယူကရိန်းလက်ရွေးစင်တိုက်စစ်မှူး ဒေါ့ဘိခ်အား ခေါ်ယူနိုင်ရန်စီစဉ်နေပြီး လာမည့်ရက်သတ္တပတ်အတွင်း ဂျီရိုနာအသင်းနှင့် သဘောတူညီမှုရဖွယ်ရှိနေကြောင်းသိရှိရသည်။

အသက် (၂၆)နှစ်အရွယ်ရှိ ဒေါ့ဘိခ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကမှ ဂျီရိုနာအသင်းထံရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပထမဆုံးရာသီမှာပင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ဒေါ့ဘိခ်သည် ပြီးခဲ့သည့်ရာသီက ဂျီရိုနာအသင်းအတွက် လာလီဂါပွဲစဉ် (၃၆)ပွဲကစားခဲ့ရာတွင် (၂၄)ဂိုးအထိသွင်းယူကာ ပီချီချီဆု (လာလီဂါရွှေဖိနပ်ဆု) ကိုဆွတ်ခူးနိုင်ခဲ့သလို၊ အသင်း၏ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဓိကနေရာမှ ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

အက်သလက်တီကိုအသင်းသည် လာမည့်နွေရာသီတွင် အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ပြင်ဆင်လိုနေပြီး ပရီးမီးယားလိဂ်အသင်းကြီးအချို့မှ ခေါ် ယူလိုနေသည့် ဒေါ့ဘိခ်အား အဓိကပစ်မှတ်ထားနေခြင်းဖြစ်သည်။

ဒေါ့ဘိခ်သည် ဂျူရိုနာအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်ပြီး အနည်းဆုံးပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀)ကျော် အသုံးပြုရဖွယ်ရှိနေသည်။

Most Read

Most Recent