■ အနီရောင်မန်ချက်စတာရဲ့အတိတ်

■ အနီရောင်မန်ချက်စတာရဲ့အတိတ်
Photo: Getty Images
Photo: Getty Images
Published 23 May 2024
AK

၁၉၉၈ ကမ္ဘာ့ဖလားမှာ ဗီလိန်ဖြစ်ခဲ့ပြီးနောက် ဒေးဗစ်ဘက်ခမ်အတွက် ပြင်းပြင်းထန်ထန်ကြိုးစားဖို့ကလွဲပြီး တခြားမရှိနိုင်ပါဘူး။ အာဂျင်တီးနားနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲမှာ ဆီမြွန်နီရဲ့မူယာမာယာအောက် ဘက်ခမ် ကျဆုံးခဲ့ရတယ်။ အင်္ဂလန်လည်း ပြိုင်ပွဲကနေ ထွက်ခဲ့ရတယ်။ ချီးကျူးလွန်း၊ ဝေဖန်လွန်း၊ အစွန်းနှစ်ဖက်မှာရှိနေတဲ့ ဗြိတိန်မီဒီယာတွေရဲ့တံတွေးခွက်ထဲကနေ ဘက်ခမ် လက်ပစ်ကူးပြီး ထွက်ခဲ့ရပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားအလွန် ရာသီမှာ မန်ယူက ဂန္ထဝင်ဖလားသုံးလုံးအောင်ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီအောင်ပွဲမှာ ဘက်ခမ်က ရွှေမင်းသားလေးဖြစ်ခဲ့ပါတယ်။

 

Most Read

Most Recent