■ ရီးယဲလ်အသင်း၏ ဆုံးဖြတ်ချက်ကို စောင့်နေသည်ဟု ဟိုဆေးလူ ဆို     

■ ရီးယဲလ်အသင်း၏ ဆုံးဖြတ်ချက်ကို စောင့်နေသည်ဟု ဟိုဆေးလူ ဆို     
Photo: Getty Images
Photo: Getty Images
Published 10 May 2024

အက်စ်ပန်ညိုအသင်းမှ ရီးယဲလ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသည့် စပိန်တိုက်စစ်မှူး ဟိုဆေးလူက အနာဂတ်အတွက် ရီးယဲလ်အသင်း၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသည်ဟု ပြောကြားခဲ့သည်။ 

ဟိုဆေးလူ(၃၄ နှစ်) သည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်သည်။ 

"ကျွန်တော် ဒီအသင်းမှာ ဆက် ရှိချင်ပါတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်းရဲ့ဆုံးဖြတ်ချက်ကို စောင့်ရမှာပါ"ဟု ဟိုဆေးလူက ပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် ဟိုဆေးလူကို ယူရို(၁.၅)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent