ဘယ်ဆီဦးတည်မလဲ ဘာစီလိုနာ

ဘယ်ဆီဦးတည်မလဲ ဘာစီလိုနာ
Photos: X
Photos: X
Published 8 May 2024
Phoe Thar

ဘယ်အကြောင်းအရာတွေက ဘာစီလိုနာကို အခုလိုအခြေအနေဆိုးဆီ ဆိုက်ရောက်စေခဲ့တာလဲ။ လက်ရှိဘာစီလိုနာရဲ့ ကွင်းတွင်းကွင်းပြင်ကျရှုံးမှုတွေဟာ ဥက္ကဋ္ဌဟောင်း ဘာတိုမှုရဲ့ မှားယွင်းတဲ့ ရွှေ့ကွက်တွေက မြစ်ဖျားခံလာတယ်ဆိုရင်တောင် ၂၀၂၁ ခုနှစ်မတ်လမှာ အသင်းကိုဥက္ကဋ္ဌအဖြစ်တစ်ကျော့ပြန်ကိုင်တွယ်ခဲ့တဲ့ လာပေါ်တာရဲ့ အားနည်းချက်တွေလည်း ပါဝင်နေတယ်လို့ဆိုရမှာပါ။  ဘာစီလိုနာအသင်းသမိုင်းရဲ့အအောင်မြင်ဆုံးဥက္ကဋ္ဌတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ လာပေါ်တာဟာ အသင်းကိုတစ်ကျော့ပြန်ရောက်လာချိန်မှာ ဘဏ္ဍာရေးကျပ်တည်းမှုတွေ၊ လစာငွေကန့်သတ်စည်းမျဉ်းတွေအကြား လာလီဂါ၊ ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားချန်ပီယံဆုတွေကို အချိန်တိုအတွင်းရရှိခဲ့တယ်ဆိုပေမယ့် ဘာစီလိုနာဟာ အချိန် (၃)နှစ်အတွင်း သိသာတဲ့တိုးတက်ပြောင်းလဲမှုတစ်စုံတစ်ရာရှိမလာခဲ့တာ အမှန်ပါပဲ။ လာပေါ်တာဟာ အသင်းရဲ့ဂန္ထဝင်ကစားသမားဇာဗီကို နည်းပြအဖြစ်ခန့်အပ်ခဲ့သလို၊ လာမာစီယာကြယ်ပွင့်တွေကိုနေရာပေးပြီး စစ်မှန်တဲ့ဘာစီလိုနာအဖြစ် ပြန်လည်ပုံဖော်ဖို့ကြိုးစားခဲ့ပေမယ့်  ပြိုင်ဆိုင်မှုပြင်းထန်းပြီး၊ တောင်းဆိုမှုများလွန်းတဲ့ မော်ဒန်ဘောလုံးရပ်ဝန်းမှာတော့ ဒီအပြောင်းအလဲတွေက အကျိုးသက်ရောက်မှုနည်းခဲ့ပါတယ်။

 

Most Read

Most Recent