စာချုပ်၏ နောက်ဆုံး(၆)လသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယူရို-၂၀၂၄ မပြီးမချင်း စာချုပ်ကိစ္စကို ခေါင်းထဲမထည့်သေးဟု ဆောက်ဂိတ် ပြောကြား

စာချုပ်၏ နောက်ဆုံး(၆)လသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယူရို-၂၀၂၄ မပြီးမချင်း စာချုပ်ကိစ္စကို ခေါင်းထဲမထည့်သေးဟု ဆောက်ဂိတ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 15 May 2024

 

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ နောက်ဆုံး (၆) လအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သော်လည်း ယူရိုပြိုင်ပွဲမပြီးမချင်း စာချုပ်ကိစ္စကို ခေါင်းထဲထည့်ဦးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးကို ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် အသင်းနှင့် လမ်းခွဲရန် စဉ်းစားခဲ့ဖူးသူဖြစ်သည်။ 

ယခုအချိန်တွင် ဆောက်ဂိတ်အား ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ယူနိုက်တက် အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့သော် ဆောက်ဂိတ်ကမူ "ကျွန်တော့်အတွက်တော့ ဒါဟာ ဘယ်တုန်းကမှ ပြဿနာမဟုတ်ခဲ့ဘူး။ အခုအချိန်မှာ ယူရိုပြိုင်ပွဲအတွက်ပဲ ခေါင်းထဲထည့်ထားပြီး စာချုပ်ကိစ္စနဲ့ပတ်သက်လို့ကတော့ ကျွန်တော် ယူရိုပြိုင်ပွဲပြီးမှပဲ စဉ်းစားသွားမှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent