■ ပရီးမီးယားလိဂ်သို့ ပြန်လာရန် တူဟယ်လ် ဆန္ဒရှိ

■ ပရီးမီးယားလိဂ်သို့ ပြန်လာရန် တူဟယ်လ် ဆန္ဒရှိ
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024

လာမည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့်လမ်းခွဲမည့် ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်သည် ပရီးမီးယားလိဂ်သို့ ပြန်လာရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

တူဟယ်လ်သည် ချယ်လ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ ၎င်းကို ခေါ်ယူရန် မန်ယူအသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ 

၎င်း၏အေးဂျင့်သည် မန်ယူအသင်းနှင့် ဆွေးနွေးနေကြောင်းလည်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

တူဟယ်လ်သည် ၎င်း၏နည်းပြဘဝတွင် ဒေါ့မွန်၊ PSG၊ ချယ်လ်ဆီးတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနည်းပြရာထူးမှ ထွက်ခွာမည်ဖြစ်သည်။ 

Most Read

Most Recent