■ ရပ်ရှ်ဖို့ဒ်ကို ပေါင်(၇၅)သန်းဖြင့်ကမ်းလှမ်းရန် PSG အသင်း စီစဉ်     

■ ရပ်ရှ်ဖို့ဒ်ကို ပေါင်(၇၅)သန်းဖြင့်ကမ်းလှမ်းရန် PSG အသင်း စီစဉ်     
Photo: Getty Images
Photo: Getty Images
Published 15 March 2024

ပြင်သစ်ကလပ် PSG အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို လာမည့်နွေရာသီတွင် ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

PSG အသင်းသည် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ဆုံးရှုံးရမည်ဖြစ်သည့်အတွက် ပြန်လည်အစားထိုးရန် တိုက်စစ်ကစားသမားများ ရှာဖွေလျက်ရှိသည်။ 

PSG အသင်းသည် လာမည့်နွေတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည့် ဘာပေ၏နေရာတွင် အစားထိုးရန် လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်အပြင် ယခုအခါ ရပ်ရှ်ဖို့ဒ်ကိုလည်း ပစ်မှတ်စာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ 

အသက် (၂၆) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး အသင်းရှယ်ယာရှင်ဖြစ်လာသည့် ဆာဂျင်ရက်ကလစ်ဖ်သည် ၎င်းကို ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ 

မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၀)ဝန်းကျင် အလိုရှိနေကြောင်းလည်း သိရှိရသည်။ 

Most Read

Most Recent