■ FA ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် 

■ FA ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 15 March 2024

ဝုလ်ဗ် - ကိုဗင်ထရီ (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၆:၄၅ နာရီ)

ဝုလ်ဗ်အသင်းရဲ့ လက်ရှိ ခြေစွမ်းက တော်တော်လေး အားရစရာကောင်းတယ်။ ဂယ်ရီအိုနေးလ်ရဲ့ လက်အောက်မှာ အသင်းက တော်တော်လေး တည်ငြိမ်သွားပြီဖြစ်ပြီး ကွင်းလယ်မှာလည်း လယ်မီနာ၊ ဂျော်အိုဂိုးမက်စ်တို့ရဲ့ခြေစွမ်းက ထိပ်တန်းအဆင့်မျိုးဖြစ်လာတယ်။ ကိုဗင်ထရီက လိဂ်ချန်ပီယံရှစ်မှာ နောက်ပိုင်းပွဲတွေ Rhythm မှန်နေပါတယ်။ ဒါပေမဲ့ ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်းမှာတော့ ယှဉ်ကစားနိုင်ဖို့ မရှိဘူး။ ဝုလ်ဗ်ပဲ အနိုင်ရသွားလိမ့်မယ်။ 



မန်စီးတီး - နယူးကာဆယ် (မြန်မာစံတော်ချိန် မတ်လ ၁၆ ရက် ည ၁၂:၀၀ နာရီ)

‌နယူးကာဆယ်အသင်းက ဘလက်ဘန်းနဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ အဆင့်ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့ဘူး။ နောက်တစ်ပွဲမှာ ဝုလ်ဗ်အသင်းကို ဂိုးပြတ်နိုင်ခဲ့ပြီး ချယ်လ်ဆီးနဲ့ပွဲမှာတော့ အကြိတ်အနယ်ကစားပြီး ကပ်ရှုံးခဲ့တယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ ကစားသမားတွေ ပြန်စုံလာသလို၊ ကွင်းလယ်မှာလည်း ဂျိုလင်တန်ကလွဲပြီး ဒဏ်ရာပြဿနာသိပ်မရှိတဲ့ အခြေအနေမှာ နယူးကာဆယ်က ပြီးခဲ့တဲ့ ရာသီက Form ကို မပြနိုင်ဘူး။ မန်စီးတီးကတော့ လီဗာပူးလ်နဲ့ပွဲမှာ သရေကျခဲ့တာကလွဲပြီး ရှေ့ပွဲစဉ်တွေမှာ ရလဒ်တွေဆက်တိုက်ကောင်းထားပါတယ်။ ဒီပွဲလည်း အီတီဟတ်ကွင်းမှာ ကစားရမှာဖြစ်လို့ မန်စီးတီးပဲ ဆီမီးဖိုင်နယ် တက်သွားလိမ့်မယ်။