ဘာပေသည် ရီးယဲလ်အတွက် အဝတ်လဲခန်းတွင်းပြဿနာဖြစ်လိမ့်မည်ဟု ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ မှတ်ချက်ပြု

ဘာပေသည် ရီးယဲလ်အတွက် အဝတ်လဲခန်းတွင်းပြဿနာဖြစ်လိမ့်မည်ဟု ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ မှတ်ချက်ပြု
Photo: Getty Images
Photo: Getty Images
Published 23 March 2024

 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ၎င်းတို့မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ် အသင်းအနေဖြင့် PSG တိုက်စစ်မှူး ဘာပေ အား ခေါ်ယူမည့်အပေါ် မနာလိုမဖြစ်ကြောင်းနှင့် ဘာပေသည် ရီးယဲလ်အသင်းအတွက် အဝတ်လဲခန်းပြဿနာများကို ဖန်တီးမည့်သူ ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ 

နာမည်ကျော် ပြင်သစ်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန် ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိနေသူဖြစ်သည်။ လက်ရှိတွင် အသက် ၂၅ နှစ်အရွယ်ရှိ ဘာပေအား ခေါ်ယူရန် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက သဘောတူညီမှု ရရှိထားပြီဟုလည်း သတင်းများထွက် ပေါ်နေသည်။ 

ဘာစီလိုနာအသင်းမှာမူ လက်ရှိရင်ဆိုင်နေရသည့် ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် ဘာပေအား ခေါ်လိုလျှင်ပင် စာချုပ်လက်မှတ်ထိုးကြေးနှင့် များပြားလည့်လစာငွေကို ပေးချေနိုင်ဖွယ် မရှိပေ။ ထို့ကြောင့် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက ဘာပေသည် ရီးယဲလ်အဝတ်လဲခန်းတွင် ပြဿနာပေါ်ပေါက်စေမည့်သူဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

လာပေါ်တာက "ရီးယဲလ်က ဘာပေကို ခေါ်ယူနိုင်ခဲ့ရင်လည်း ကျွန်တော် မနာလိုမဖြစ်ပါဘူး။ ဘာပေကို ခေါ်မယ်ဆိုရင် သူတို့ ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်လို့ ကျွန်တော် ထင်တယ်။ ဘာပေ ရောက်လာရင် သူတို့ ကစားသမားတွေ ပြန်ရောင်းရမယ်။ ဘာလို့လဲဆိုတော့ တစ်နေရာတည်းမှာ ကစားသမား နှစ်ယောက် မကစားနိုင်ဘူးလေ။ ရီးယဲလ်မှာ ကစားသမားကောင်းတွေ အများကြီးရှိပြီး ပွဲထွက်ခွင့်နည်းပါးရင် စကားများလာနိုင်တယ်။ ဘာပေကြောင့် ရီးယဲလ်အဝတ်လဲခန်းမှာပြဿနာတက်နိုင်တယ်။ ဘာပေက လက်ဆောင်ကောင်း မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent