ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 11 March 2024

ချယ်လ်ဆီး နှင့် နယူးကာဆယ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ချယ်လ်ဆီးက ရလဒ်တွေ တိုးတက်လာသလိုရှိပေမယ့် ထင်သလောက်လည်း မဟုတ်ပါဘူး။ တကယ်တော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲက တော်တော်ရှားနေပြီး အရင်ထက် တိုးတက်လာတာပဲ ပြောစရာရှိတယ်။ နယူးကာဆယ်က ဝုလ်ဗ်နဲ့ပွဲမှာ ကစားသွားတဲ့ ခြေစွမ်းက တော်တော်လေးကောင်းတယ်။ ဒီပွဲလည်း ချယ်လ်ဆီးကွင်းဆိုပေမယ့် နယူးကာဆယ်ကို ပိုကြိုက်တယ်။ 

လာဇီယို နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီဖြစ်တဲ့ လာဇီယိုအသင်းအနေနဲ့ ပြည်တွင်းပြိုင်ပွဲကို သေချာပေါက်အာရုံပြန်စိုက်လာဖို့ရှိတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်၊ အေစီမီလန်တို့ကို အနိုင်ယူခဲ့တဲ့ အူဒီးနီးစ်ရဲ့ အဝေးကွင်းခြေစွမ်းကိုတော့ လျှော့တွက်လို့သိပ်မရ ဘူး။ လာဇီယို ကပ်နိုင်ဖို့ပဲများတယ်။

အယ်မယ်ရီယာ နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

မျှော်လင့်ချက်နည်းသထက်နည်းလာပေမယ့် အယ်မယ်ရီယာ အိမ်ကွင်းမှာတော့ ရုန်းကန်ပြနေတုန်းပါပဲ။ ဆီဗီလာကလည်း နည်းနည်းတော့ငြိမ်လာပေမယ့် အဝေးကွင်းခြေစွမ်းကပုံမှန်မရသေးဘူး။ သရေပွဲဖြစ်သွားနိုင်တဲ့ ပွဲလို့ပဲထင်တယ်။

Most Read

Most Recent