■ ကစားသမားဘဝတွင် ဒဏ်ရာကြောင့် ပထမဆုံးလွဲချော်မှုနှင့် ဘရူနိုဖာနန်ဒက်စ် ရင်ဆိုင်ခဲ့ရ

■ ကစားသမားဘဝတွင် ဒဏ်ရာကြောင့် ပထမဆုံးလွဲချော်မှုနှင့် ဘရူနိုဖာနန်ဒက်စ် ရင်ဆိုင်ခဲ့ရ
Photo: AP
Photo: AP
Published 7 May 2024

မန်ယူအသင်း၏ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ကစားသမားဘဝတွင် ဒဏ်ရာကြောင့် ပထမဆုံးလွဲချော်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ဘရူနိုဖာနန်ဒက်စ်သည် ကစားသမားဘဝတွင် ဒဏ်ရာကြောင့် ကလပ်အသင်း၏ပွဲစဉ်အား လွဲချော်ခဲ့ဖူးခြင်းမရှိဘဲ ဖျားနာမှုကြောင့်သာ လွဲချော်ဖူးကြောင်း သိရသည်။

၎င်းသည် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင်မူ လက်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်သည် ညာဘက်လက်တွင် ဒဏ်ရာရရှိနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဘန်လေနှင့်ပွဲကတည်းက အကာအကွယ်ဝတ်ဆင်ကာ ကစားခဲ့ရကြောင်း သိရသည်။

Most Read

Most Recent