■ ယူရို-၂၀၂၄ Play-offs ခြေစစ်ပွဲ ဗိုလ်လုပွဲများ ပွဲကြိုသုံးသပ်ချက်

■ ယူရို-၂၀၂၄ Play-offs ခြေစစ်ပွဲ ဗိုလ်လုပွဲများ ပွဲကြိုသုံးသပ်ချက်
Published 26 March 2024

♦ ဝေးလ်စ် - ပိုလန် (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂း၁၅ နာရီ)

နှစ်သင်းစလုံးက ဆီမီးဖိုင်နယ်အဆင့်မှာ ဂိုးပြတ်နိုင်ပွဲတွေနဲ့ ဗိုလ်လုပွဲ တက်ရောက်လာတာဖြစ်တယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ပိုလန်အသင်းက အပြတ်အသတ် အသာစီးရထားပြီး ၁၉၇၃ နောက်ပိုင်းကတည်းက ရှုံးပွဲမရှိတော့ကာ နိုင်ပွဲ တွေလည်းများခဲ့တယ်။ ပိုလန်ရဲ့ပြဿနာက တိုက်စစ်မှူး လီဝန်ဒေါစကီး နောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ ရုန်းကန်နေရတာပဲဖြစ်တယ်။ ဝေးလ်စ်အသင်းမှာလည်း ကစားသမားကောင်းတချို့ ပိုင်ဆိုင်ထားပေမဲ့ ပွဲအဖြေပြောင်းလဲနိုင်မှုပိုင်းမှာ ပိုလန်ရဲ့စုဖွဲ့မှုက အခြေအနေပိုကောင်းပါတယ်။ ဝေးလ်စ်ကွင်းဖြစ်ပေမဲ့ ပိုလန်ပဲ ကြိုက်တယ်။

♦ ယူကရိန်း - အိုက်စလန် (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂း၁၅ နာရီ)

ယူကရိန်းက အိမ်ကွင်းကစားဖို့ မဲကျပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် အခုပွဲကို ပိုလန်နိုင်ငံမှာ ကစားသွားမှာဖြစ်ပါတယ်။ ယူကရိန်းအသင်းက ရုရှားကျူးကျော်စစ်ခံနေရတဲ့ ကြားကနေ အသင်းလိုက်တိုးတက်လာတာက အတော်လေး ချီးကျူးစရာကောင်းနေတယ်။ မူဒရစ်၊ ဇင်ချန်ကို၊ မိုင်ကိုလန်ကို၊ ဇာဘာညီတို့လို ပရီးမီးယားလိဂ်အခြေစိုက်နဲ့ လူနင်၊ ယာရမ်ချု့ခ်၊ ဒေါ့ဘိခ်တို့လို လာလီဂါအခြေစိုက်တွေက ယူကရိန်းအသင်းရဲ့ အဓိကဒေါက်တိုင်တွေ ဖြစ်နေတယ်။ အိုက်စလန်ကတော့ ယူကရိန်းနဲ့ ကစားသမားပိုင်း ကွာပါတယ်။ ယူကရိန်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

♦ ဂျော်ဂျီယာ - ဂရိ (မြန်မာစံတော်ချိန် မတ်လ ၂၆ ရက် ည ၁၁း၃၀ နာရီ)

ဂျော်ဂျီယာအသင်းက သမိုင်းတစ်လျှောက် တွေ့ဆုံမှုတွေမှာတော့ ဂရိအသင်းကို တစ်ပွဲမှ အနိုင်မရခဲ့ဖူးဘူး။ ဒါပေမဲ့ လက်ရှိ ဂျော်ဂျီယာအသင်းက ခေတ်သစ်တစ်ခုဆီ သွားနေပြီး အအောင်မြင်ဆုံးအခိုက်အတန့်ကိုတောင် ရောက်နေတယ်လို့ ပြောနိုင်တယ်။ ခွာရတ်စကယ်လီယာ၊ ဗလင်စီယာဂိုးသမား မာမာဒါရှက်ဗလီ၊ တိုရီနိုဂိုးသမား ဆာဇိုနော့ဗ်တို့ရဲ့တွန်းအားက ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ စောင့်ကြည့်ရမယ်။ ဂရိကတော့ ပြင်သစ်၊ နယ်သာလန်တို့နဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး  မကြာသေးခင်က ပြင်သစ်ကို သရေကစားခဲ့တယ်။ ဂျော်ဂျီယာမြေမှာ အိမ်ရှင် မိနစ်(၉၀)အတွင်း မရှုံးနိုင်ဘူး။

Most Read

Most Recent