■ ဂရင်းဝုဒ်ကို လာလီဂါတွင် ဆက်ရှိစေချင်သည်ဟု တီဘက်စ် ပြောကြား     

■ ဂရင်းဝုဒ်ကို လာလီဂါတွင် ဆက်ရှိစေချင်သည်ဟု တီဘက်စ် ပြောကြား     
Published 1 March 2024

လာလီဂါပြိုင်ပွဲ၏ ဥက္ကဋ္ဌဖြစ်သူ တီဘက်စ်က မန်ယူအသင်းမှ ဂီတာဖေးအသင်းထံ အငှားလာရောက်ကစားနေသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို လာလီဂါတွင် ဆက်ရှိစေချင်သည်ဟု ပြောကြားခဲ့သည်။ 

ဂရင်းဝုဒ်ကို ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပြီး ၎င်းကလည်း မန်ယူအသင်းတွင် ပြန်ကစားလိုခြင်းမရှိကြောင်း သိရသည်။ 

တီဘက်စ်က "သူက ကစားသမားကောင်းတစ်ယောက်ပါ။ သူ့ကို စပိန်ဘောလုံးလောကမှာ ဆက်ရှိစေချင်ပါတယ်။ အဲဒါ ကျွန်တော်တို့အတွက်လည်း ကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၂၂) နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် မုဒိမ်းမှုသံသယဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ပါဝင်ကစားနိုင်ခြင်းမရှိတော့ဘဲ ပြီးခဲ့သည့်နွေရာသီက ဂီတာဖေးအသင်းထံ တစ်ရာသီအငှားဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

ဂရင်းဝုဒ်သည် ယခုရာသီတွင် ဂီတာဖေးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။ 

Most Read

Most Recent