စာချုပ်သစ်အတွက် တိုနီကရို့စ်၏ ဆုံးဖြတ်ချက်ကို ရီးယဲလ် စောင့်ဆိုင်းနေပြီး အသင်းတွင် ဆက်ထိန်းနိုင်မည်ဟု ယုံကြည်နေ

စာချုပ်သစ်အတွက် တိုနီကရို့စ်၏ ဆုံးဖြတ်ချက်ကို ရီးယဲလ် စောင့်ဆိုင်းနေပြီး အသင်းတွင် ဆက်ထိန်းနိုင်မည်ဟု ယုံကြည်နေ
Photo : Getty Images
Photo : Getty Images
Published 25 March 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ ဂျာမန်ဝါရင့်ကွင်းလယ်လူ တိုနီကရို့စ်၏စာချုပ်သစ်အတွက် ကစားသမား၏ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေပြီး အသင်းတွင်ဆက်ထိန်းနိုင်မည်ဟု ယုံကြည်နေကြောင်းစပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၃၄)နှစ်အရွယ်ရှိ တိုနီကရို့စ်နှင့် ရီးယဲလ်အသင်း၏လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၄ နွေရာသီ တွင်ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိစာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးကြောင်းသိရသည်။

ရီးယဲလ်အသင်းသည် အသင်း၏မူဝါဒအရ အသက် (၃၀)နှင့်အထက်ကစားသမားများကို တစ်နှစ်သက်တမ်းတိုးစာချုပ်သာ ချုပ်ဆိုလေ့ရှိသော်လည်း တစ်နှစ်ထက်ပို၍ အသင်းတွင်ဆက်ရှိစေရန် ဆန္ဒရှိနေကြောင်းလည်းသိရသည်။

တိုနီကရို့စ်သည် ရီးယဲလ်အသင်းတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ ဆယ်စုနှစ်တစ်ခုကြာကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူအောင်မြင်မှုများစွာရယူနိုင်ခဲ့သလို လူငယ်ကစားသမားများ၏ စံနမူပြုရာအဖြစ်လည်း သတ်မှတ်ခံထားရသည်။

Most Read

Most Recent