ဆော်ဒီလိဂ်က လီဂူး-၁ ထက် ပိုကောင်းသည်ဟု ပြောခဲ့သော စီရော်နယ်လ်ဒိုအား ပါးစပ်ပိတ်ထားသင့်ကြောင်း ပြင်သစ်နှင့် ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ် တုံ့ပြန်

ဆော်ဒီလိဂ်က လီဂူး-၁ ထက် ပိုကောင်းသည်ဟု ပြောခဲ့သော စီရော်နယ်လ်ဒိုအား ပါးစပ်ပိတ်ထားသင့်ကြောင်း ပြင်သစ်နှင့် ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ် တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 6 March 2024

 

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ဆော်ဒီပရိုလိဂ်သည် ပြင်သစ်လီဂူး-၁ ပြိုင်ပွဲထက် ပြိုင်ဆိုင်မှု ပြင်းထန်သည်ဟု စီရော်နယ်လ်ဒို၏ မှတ်ချက်စကားအား ပြင်သစ်နှင့် ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ်က ပါးစပ်ပိတ်ထားသင့်ကြောင်း တုံ့ပြန်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဆော်ဒီလိဂ်သို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအတွင်း မာနေ၊ ဘန်ဇီမာ၊ နေမာစသည့် နာမည်ကျော် ကစားသမားများ ရောက်ရှိလာခဲ့သည်။ ပြင်သစ်တွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အသင်းမှာ နှစ်သင်း သို့မဟုတ် သုံးသင်းသာ ရှိသောကြောင့် ဆော်ဒီပရိုလိဂ်က ပိုပြီးပြိုင် ဆိုင်မှုပြင်းထန်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

"ဆော်ဒီပရိုလိဂ်က လီဂူး-၂ ထက် ပိုကောင်းတယ်လို့ ခရစ္စတီယာနိုရော်နယ်လ်ဒို ပြောတာကြားရလို့ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်မိပါတယ်။ လီဂူး-၁ က ပေါ်တူဂီလိဂ်ထက် ပိုကောင်းလို့ ဒီလိုမှတ်ချက်ပေးဖို့ ရွေးချယ်ခဲ့တာလား။ လီဂူး-၁ မှာ မက်ဆီ ကစားခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် သူ့ကို များစွာလေးစားပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ပါးစပ်ကို ပိတ်ထားသင့်တယ်။ ဒါက လီဂူး-၁ အတွက် မမျှတပါဘူး"ဟု လီဘော့ဖ်က တုံ့ပြန်ခဲ့သည်။ 

၂၀၁၂-၁၃ ကတည်းက ပြင်သစ်လီဂူးရာသီ ၁၁ ရာသီတွင် PSG က ကိုးကြိမ် ဗိုလ်စွဲခဲ့ပြီး မိုနာကိုနှင့် လိုင်လီအသင်းများက တစ်ကြိမ်စီ ချန်ပီယံဖြစ်ခဲ့သည်။ ယင်းကာလအတွင်း ဆော်ဒီလိဂ်၌ အယ်လ်ဟီလာ ငါးကြိမ်၊ အယ်လ်နာဆာက သုံးကြိမ်နှင့် အယ်လ်အာလီ၊ အယ်လ်ဖာတာ၊ အယ်လ်အစ်တီဟတ်က တစ်ကြိမ်စီ ဗိုလ်စွဲခဲ့သည်။

Most Read

Most Recent