■ RFEF ရုုံးချုပ်၊ ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏ နေအိမ်အပါအဝင် နေရာ (၁၁) ခုကို စပိန်ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ     

■ RFEF ရုုံးချုပ်၊ ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏ နေအိမ်အပါအဝင် နေရာ (၁၁) ခုကို စပိန်ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ     
Photo: Marca
Photo: Marca
Published 22 March 2024

စပိန်ရဲတပ်ဖွဲ့သည် မက်ဒရစ် မြို့ရှိ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ရုံးချုပ်၊ RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏နေအိမ်အပါအဝင် နေရာ(၁၁)ခုကို ဝင်ရောက်ရှာဖွေမှုပြု လုပ်ခဲ့ကြောင်း သိရသည်။

    

RFEF ရုံးချုပ်အဆောက်အအုံအား ဝင်ရောက်ရှာဖွေမှုကို မတ် (၂၀) ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ရှာဖွေစဉ် ဝန်ထမ်းများအား ရုံးအတွင်း ဝင်ရောက်ခွင့် တားမြစ်ထားကြောင်း အစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။ 

ရဲတပ်ဖွဲ့အနေဖြင့် စပိန် နိုင်ငံတစ်ဝန်းရှိ နေရာ(၁၁)ခုကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး (၇)ဦး ဖမ်းဆီးထိန်းသိမ်းခံရဖွယ်ရှိကြောင်း သိရသည်။ 

ယင်းကဲ့သို့ ရှာဖွေရာတွင် RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏နေအိမ်လည်းပါဝင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

ရူဘီယာလက်စ်မှာ RFEF ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာအထိ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်းတိုက်စစ်မှူး ဟာမိုဆို၏ နှုတ်ခမ်းကို နမ်းခဲ့သောကြောင့် အငြင်းပွားဖွယ် နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ 

အစိုးရရှေ့နေတစ်ဦး၏ပြောကြားမှုအရ ယခုဝင်ရောက်ရှာဖွေမှုများမှာ စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပိုမို ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent