ဒီဘားလားကို ပရီးမီးယားလိဂ်ကလပ်များ စိတ်ဝင်စား

ဒီဘားလားကို ပရီးမီးယားလိဂ်ကလပ်များ စိတ်ဝင်စား
Photo: Getty Images
Photo: Getty Images
Published 28 March 2024

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားအား ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဒီဘားလား(၃၀ နှစ်)သည် ယခုရာသီတွင် ရိုးမားအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲတွင် (၁၄)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ထားသည်။

ဒီဘားလားသည် ၂၀၂၅ ခုနှစ်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် ပြည်ပကလပ်များသို့ ယူရို (၁၃)သန်းဖြင့် ပြောင်းရွှေ့ခွင့်ရှိနေကြောင်း သိရှိရသည်။

ထို့ ကြောင့် ၎င်းကိုခေါ်ယူရန် ချယ်လ်ဆီး၊ နယူးကာဆယ်နှင့် အက်စတွန်ဗီလာစသည့် ပရီးမီးယားလိဂ်ကလပ်အသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Recent