■ ကင်မစ်ချ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၇၀)မှ (၈၀)ကြားဟု ဘိုင်ယန်မြူးနစ် သတ်မှတ်ခဲ့ပြီး အာရူဟိုနှင့် အလဲအထပ်လုပ်ရန် ဆန္ဒရှိနေ     

■ ကင်မစ်ချ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၇၀)မှ (၈၀)ကြားဟု ဘိုင်ယန်မြူးနစ် သတ်မှတ်ခဲ့ပြီး အာရူဟိုနှင့် အလဲအထပ်လုပ်ရန် ဆန္ဒရှိနေ     
Photo: Getty Images
Photo: Getty Images
Published 22 March 2024

ဘိုင်ယန်မြူးနစ်အသင်းသည် ထိပ်သီးပြိုင်ဘက်အသင်းများစွာ ခေါ်ယူရန် စိတ်ဝင်စားနေသည့် ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၇၀)မှ (၈၀)ကြားဟု သတ်မှတ်ခဲ့ကြောင်း Kicker က ဖော်ပြခဲ့သည်။

    

ကင်မစ်ချ်(၂၉ နှစ်)သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းပြောင်းရွှေ့လိုကြောင်း ဝန်ခံထားသည့်အတွက် ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားသည့် ကလပ်အသင်းများစွာရှိနေသည်။ 

လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ၊ ပရီးမီးယားလိဂ်မှ မန်စီးတီး၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့ အပြိုင်လုရဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ပြီး စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် ကစားသမားကို ဘိုင်ယန်မြူးနစ်အသင်းက ပြောင်းရွှေ့ကြေးအနည်းငယ်ဖြင့် ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း ထင်ကြေးပေးခဲ့ကြသည်။ 

သို့သော် ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းက ကင်မစ်ချ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)မှ (၈၀)ကြားရရှိမှသာ ရောင်းထုတ်ရန် စီစဉ် ထားကြောင်း Kicker က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ယခု စျေးနှုန်းသတ်မှတ်ချက်အရ ငွေကြေးသုံးစွဲနိုင်စွမ်းမရှိသည့် ဘာစီလိုနာအသင်းအနေဖြင့် ကင်မစ်ချ်ကို ခေါ်ယူနိုင်ဖွယ်မရှိ ကြောင်းလည်း သုံးသပ်ခဲ့သည်။ 

    

သို့ရာတွင် စပိန်မီဒီယာအချို့ကမူ ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာအသင်းမှ ဥရုဂွေးနောက်ခံလူ အာရူဟိုကို ခေါ်ယူရန် ဆန္ဒရှိနေသောကြောင့် ကင်မစ်ချ်နှင့် အာရူဟိုကို အလဲအထပ်လုပ်ဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်းသည် အာရူဟို(၂၅ နှစ်)ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့်အပြင် ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားသော်လည်း ဘဏ္ဍာရေး အခြေအနေအရ လာမည့်နွေရာသီတွင် ယူရိုသန်း(၁၀၀)ဝန်းကျင်ဖြင့် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သတင်းထွက်ခဲ့ဖူးသည်။ 

အာရူဟိုကိုယ်တိုင်ကလည်း မိမိ၏အနာဂတ်မှာ မိမိ လက်ထဲတွင် မရှိဘဲ ဘာစီလိုနာအသင်း၏ အဆုံးအဖြတ်ပေါ်တွင်သာ မူတည်ကြောင်း ဖွင့်ဟခဲ့ဖူးသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦး အလဲအထပ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းခြင်းဖြစ်သည်။

Most Read

Most Recent