အယ်လ်ဖွန်ဆိုဒေးဗီးစ်အား ရီးယဲလ်အသင်းထံရောင်းချခဲ့ရပါက ပြောင်းရွှေ့ကြေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် မန်ဒီအား ပြန်လည်ခေါ်ယူရန် ဘိုင်ယန်မြူးနစ်ဆန္ဒရှိနေ

အယ်လ်ဖွန်ဆိုဒေးဗီးစ်အား ရီးယဲလ်အသင်းထံရောင်းချခဲ့ရပါက ပြောင်းရွှေ့ကြေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် မန်ဒီအား ပြန်လည်ခေါ်ယူရန် ဘိုင်ယန်မြူးနစ်ဆန္ဒရှိနေ
Photo : Getty Images
Photo : Getty Images
Published 22 April 2024

ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းမှ ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အသင်း၏ကနေဒါကြယ်ပွင့်တောင်ပံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်အား ရောင်းချခဲ့ပါက ပြောင်းရွှေ့ကြေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရီးယဲလ်အသင်းမှ ပြင်သစ်ဘယ် နောက်ခံလူ ဖာလန်းမန်ဒီအားပြန် လည်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။

အသက် (၂၃)နှစ်အရွယ်ရှိ အယ်လ်ဖွန်ဆိုဒေးဗီးစ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းနှင့် သတင်းများထွက်ပေါ်ခဲ့သူဖြစ်ပြီး ရီးယဲလ်နည်းပြအန်ဆယ်လော့တီ၏ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ် ကြောင်းလည်းသိရသည်။

ထို့ပြင် အယ်လ်ဖွန်ဆိုဒေးဗီးစ်ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒပြင်းပြနေသည့်အတွက် ဘိုင်ယန်မြူးနစ်အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို နောက်ဆုံး အချိန်အထိ ငြင်းဆိုထားပြီး လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၅ နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် ဈေးကွက်တန်ကြေး ယူရိုသန်း (၆၀) အထိတန်ကြေးရှိသည့် ကြယ်ပွင့်ကစားသမားတစ်ဦးအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်မလွှတ်ရစေရန်အတွက် လာမည့်နွေရာသီတွင် ရောင်းချသွားဖွယ်ရှိနေပြီး ဒေးဗီးစ်၏နေရာတွင် အစားထိုးရန်အတွက် အသက် (၂၈) နှစ်အရွယ်မန်ဒီအားပြန်လည် ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်သည်။

သို့သော် မန်ဒီအားခေါ်ယူရန်အတွက် လီဗာပူးလ်၊ အာဆင်နယ်၊ နယူးကာဆယ်နှင့် နာပိုလီအသင်းတို့ကလည်း ပစ်မှတ်ထားနေသည့်အတွက် အပြိုင်ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent