လာမည့်နွေရာသီတွင် မန်ယူအသင်း ကစားသမား (၁၂) ဦးအထိ ရောင်းထုတ်ရန်စီစဉ်နေပြီး ရပ်ရှ်ဖို့ဒ်၊ ကက်စီမီရိုတို့ ပါဝင်နေ

လာမည့်နွေရာသီတွင် မန်ယူအသင်း ကစားသမား (၁၂) ဦးအထိ ရောင်းထုတ်ရန်စီစဉ်နေပြီး ရပ်ရှ်ဖို့ဒ်၊ ကက်စီမီရိုတို့ ပါဝင်နေ
Photo: Getty Images
Photo: Getty Images
Published 26 April 2024

မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်း၏ ကစားသမား (၁၂) ဦးအထိ ရှင်းထုတ်ရန် စီစဉ်နေပြီး ယင်းကစားသမားများထဲတွင် အသင်း၏တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နှင့် ကွင်းလယ်လူ ကက်စီမီရိုတို့လည်း ပါဝင်နေကြောင်း သိရှိရသည်။

အသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်သည် ဘောလုံးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များအတွက် ဆာဘရေးစ်ဖို့ဒ်၊ ဂျေဆင်ဝီလ်ကော့စ်တို့နှင့် ဆွေးနွေးမှုများပြုလုပ်ရာတွင် အသင်းကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အသင်း၏ အရွယ်အစားကိုလည်း ပြင်ဆင်ရန် ဆန္ဒရှိနေကြသည်။

မန်ယူအသင်း ရှင်းထုတ်မည့် ကစားသမား (၁၂) ဦးနှင့် ပတ်သက်ပြီး သတင်းထွက်ပေါ်နေသည့် ကစားသမားများမှာ ခံစစ်တွင် ဗာရန်း၊ မက်ဂွိုင်းရား၊ ဝမ်ဘစ်ဆာကာနှင့် လင်ဒီလော့ဖ်၊ ကွင်းလယ်တွင် ကက်စီမီရို၊ အဲရစ်ဆင်နှင့် အမ်မရာ ဘတ်၊ တိုက်စစ်ပိုင်းတွင် ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ် စသည့်ကစားသမားများ ပါဝင်နေကြောင်းသိရှိရသည်။