လာလီဂါရဲ့အေးစက်စက်ပန်းအဝင်လမ်း

လာလီဂါရဲ့အေးစက်စက်ပန်းအဝင်လမ်း
Photos: AFP
Photos: AFP
Published 6 April 2024
Hein Thant

ဒီရာသီလာလီဂါက အရင်ရာသီတွေနဲ့မတူ နဲနဲကွာသွားတယ်။ ဒီရာသီမှာ ပြိုင်ဆိုင်မှုပိုင်းလည်း လျော့ကျသွားသလိုဖြစ်နေတယ်။ အရင်ရာသီတွေကဆို ဒီလိုအချိန်မျိုးမှာ ချန်ပီယံပြေးလမ်းမှာပဲဖြစ်ဖြစ်၊ ဥရောပဝင်ခွင့်အတွက် ပြိုင်ဆိုင်ကြမှုအပိုင်းမှာပဲဖြစ်ဖြစ်၊ နောက်ဆုံးတန်းမဆင်းရရေးအတွက် ရုန်းကန်နေကြရတဲ့ နေရာမှာပဲဖြစ်ဖြစ် တစ်ပိုင်းမဟုတ်တစ်ပိုင်း၊ တစ်နေရာမဟုတ်တစ်နေရာမှာတော့ စိတ်ဝင်စားစရာကျန်နေပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်နေလေ့ရှိတတ်တယ်။ ဒီရာသီမှာတော့ အဲဒီလိုအခြေအနေမျိုးမဟုတ်ဘူး ဖြစ်နေတယ်။ အထူးသဖြင့် ဒီရာသီမှာ လာလီဂါရဲ့အလယ်အလတ်အဆင့်လို့ ပြောလို့ရတဲ့အသင်းအများစုက အကျဘက်ကိုပြသွားခဲ့ကြတယ်။ ဗီလာရီးယဲလ်၊ ဆီဗီလာ၊ မာယော့ကာ၊ ဗယ်လက်ကာနိုတို့လိုအသင်းတွေက အကျဘက်ယိုင်ကုန်ကြတယ်။ ဒီရာသီမှာ တိုးတက်မှုပြလာတဲ့အသင်းဆိုလို့ ဂျီရိုနာ၊ ဗလင်စီယာ၊ ဘီလ်ဘာအိုနဲ့ ဂီတာဖေးအသင်းတွေ လောက်ပဲရှိပြီး ကျန်တဲ့အသင်းအများစုကတော့ တစ်ရာသီလုံးလိုလို ရုန်းရင်းကန်ရင်း၊ လူးရင်းလိမ့်ရင်းနဲ့ပဲတောက်လျှောက်သွားခဲ့ကြရတယ်။

 

Most Read

Most Recent