ရာဖာစစ်ဆင်ရေးကို စိုးရိမ်သောကြောင့် အမေရိကန်က အစ္စရေးသို့ ဗုံးများ တင်ပို့မှု ရပ်ဆိုင်း

ရာဖာစစ်ဆင်ရေးကို စိုးရိမ်သောကြောင့် အမေရိကန်က အစ္စရေးသို့ ဗုံးများ တင်ပို့မှု ရပ်ဆိုင်း
အစ္စရေးတို်က်ခိုက်မှုကြောင့် ရာဖာ$ မီးခိုးများ ထွက်နေပုံကို မေ ၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အစ္စရေးတို်က်ခိုက်မှုကြောင့် ရာဖာ$ မီးခိုးများ ထွက်နေပုံကို မေ ၇ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 9 May 2024

အစ္စရေးက ဂါဇာတောင်ပိုင်းမြို့ ရာဖာအား ကျူးကျော်မည်ကို စိုးရိမ်သောကြောင့် အမေရိကန်သည် အစ္စရေးသို့ ဗုံးများ တင်ပို့ ခြင်းကို လွန်ခဲ့သော သီတင်းပတ်တွင်ရပ်ဆိုင်းခဲ့သည်ဟု မေ ၇ ရက်တွင် တာဝန်ရှိသူတစ်ဦး ကထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ ဗုံးတင်ပို့ခြင်းကို ရပ်ဆိုင်းခြင်းသည် ဂါဇာစစ်ပွဲဖြစ်ပွားနေချိန်အတွင်း သမ္မတဂျိုးဘိုင်းဒင်က အဓိက မဟာမိတ်အစ္စရေး ထံ စစ်ရေးအကူအညီအား ပထမဆုံးအကြိမ် ရပ်ဆိုင်းမှုဖြစ်ကြောင်းသိရသည်။

အစ္စရေးသည် မြေပြင်ထိုးစစ်ကြီးအတွက် အမေရိကန်၏စိုးရိမ်ပူပန်မှုများကို အပြည့်အဝ ကိုင်တွယ်ဖြေရှင်းခြင်း မရှိသောကြောင့် အမေရိကန်သည် ပေါင် ၁,၈၀၀-၂,၀၀၀ (၉၀၇ ကီလိုဂရမ်) ဗုံးများ၊ ပေါင် ၁,၇၀၀-၅၀၀ (၂၂၆ ကီလိုဂရမ်) ဗုံးများ တင်ပို့ ခြင်းကို ရပ်ဆိုင်းခဲ့သည်။

ဟားမာ့စ်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် မျှော်လင့်ချက်များရှိနေခိုက် အစ္စရေး က  မေ ၇ ရက် စောစောပိုင်းတွင် တင့်ကားများကို စေလွှတ်လိုက်ပြီးနောက် အီဂျစ်နှင့်နယ် ချင်းထိစပ်နေသော ရာဖာဂိတ်ကို ပိတ်လိုက်ခြင်းအား လက်မခံဟု အိမ်ဖြူတော်က ဝေဖန်လိုက်ချိန်တွင် ဗုံးများတင်ပို့ခြင်းကို ရပ်ဆိုင်းသည်ဟူသော သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂါဇာနှင့်ပတ်သက်၍ အမေရိကန်မူဝါဒသည် အစ္စရေးက အရပ်သားများကို ပြုမူပုံ အပေါ်မူတည်ပြီး အပြောင်းအလဲရှိလိမ့်မည်ဟု ဧပြီလတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို သတိပေးထားသည့်အတိုင်း ဘိုင်ဒင်က  ယခု လုပ်ဆောင်ခြင်းဖြစ်သည်။

ပြည်သူတစ်သန်းကျော် ခိုလှုံနေသော ရာဖာကို အစ္စရေးက အကြီးစား မြေပြင်ထိုး စစ်ဆင်မည့် ကိစ္စအား အမေရိကန်က ပြင်းထန်စွာ ကန့်ကွက်ထားသည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းသို့သော အနေအထားတွင် အစ္စရေးက ရာဖာကို စစ်ဆင်ရေးလုပ်တော့မည့် အနေအထားများရှိနေသောကြောင့် ဘိုင်ဒင်က အစ္စ ရေးထံ လက်နက်တင်ပို့မှုအား ပထမဆုံး အ ကြိမ်ရပ်ဆိုင်းစေခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။အစ္စရေး နှင့်အမေရိကန်တာဝန်ရှိသူများသည် အခြား နည်းလမ်းများကို ဆွေးနွေးနေသည်ဟု ဆိုသည်။                                              Ref:AFP

Most Read

Most Recent