ထိုင်း၏ ဆွန်ခရမ်ရေကစားပွဲတော်တွင် ယာဉ်မတော်တဆမှုများကြောင့် သုံးရက်အတွင်း လူ ၁၁၆ ဦးသေဆုံးပြီး ၉၆၈ ဦး ဒဏ်ရာရ

ထိုင်း၏ ဆွန်ခရမ်ရေကစားပွဲတော်တွင် ယာဉ်မတော်တဆမှုများကြောင့် သုံးရက်အတွင်း လူ ၁၁၆ ဦးသေဆုံးပြီး ၉၆၈ ဦး ဒဏ်ရာရ
Published 15 April 2024

ထိုင်းနိုင်ငံတွင် ဧပြီ ၁၃ ရက်က ယာဉ်မတော်တဆမှုများကြောင့် လူ ၄၈ ဦးသေဆုံးပြီး ၄၁၁ ဦးဒဏ်ရာရခဲ့သဖြင့် ဆွန်ခရန်ရေကစားပွဲတော် သုံးရက်တာကာလအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်ပေါင်း ၉၃၆ ခုရှိခဲ့ကာ သေဆုံးသူစုစုပေါင်း ၁၁၆ ဦးနှင့် ဒဏ်ရာရသူစုစုပေါင်း ၉၆၈ ဦးအထိ မြင့်တက်လာခဲ့သည်။

မတော်တဆမှု စုစုပေါင်း၏ ၄၀ ဒသမ ၀၅ ရာခိုင်နှုန်းမှာ သတ်မှတ်နှုန်းကို ကျော်လွန်မောင်းနှင်ခြင်းကြောင့်ဖြစ်ပြီး ၂၇ ဒသမ ၈၁ ရာခိုင်နှုန်းမှာ သောက်စားမူးယစ်မောင်းနှင်ခြင်းနှင့် ၁၆ ဒသမ ၈၄ ရာခိုင်နှုန်းမှာ တစ်ဖက်ယာဉ်ကြောကို ဝင်ရောက်မောင်းနှင်ခြင်းတို့ဖြစ်သည်။

မတော်တဆမှုဖြစ်စဉ် စုစုပေါင်း၏ ၈၅ ဒသမ ၅၀ ရာခိုင်နှုန်းတွင် မော်တော်ဆိုင်ကယ်များပါဝင်ပြီး ၈၁ ဒသမ ၆၃ ရာခိုင်နှုန်းမှာ ဖြောင့်တန်းသည့် လမ်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သုံးရက်အတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားမှု အများဆုံးပြည်နယ်များမှာ နက်ခ်ဟွန်းစီသမ္မာရက်နှင့် ဆွန်ခလာပြည်နယ်များတွင်ဖြစ်ပီး ထိုပြည်နယ်များတွင် မတော်တဆမှု ၁၉ ခုစီ ဖြစ်ပွားခဲ့သည်။ သုံးရက်အတွင်း သေဆုံးသူအများနေရာမှာ ဘန်ကောက်မြို့တော်တွင်ဖြစ်ပြီး ဘန်ကောက်တွင် သေဆုံးသူ ရှစ် ဦးရှိခဲ့ကာ ဒဏ်ရာရသူအများဆုံးမှာ ဆွန်ခလာပြည်နယ်တွင်ဖြစ်ကာ ဒဏ်ရာရသူ ၄၅ ဦး ရှိခဲ့သည်။

ပြည်သူ့ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျော့ပါးသက်သာစေရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ချိုင်ဝတ်ချန်တီရာပွန်ကမူ တာဝန်ရှိသူများသည် ကာကွယ်တားဆီးရေး စီမံကိန်းများကို ချိန်ညှိနေပြီး မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စီးကမ်း၊လမ်းစည်းကမ်းများကို လိုက်နာခြင်းရှိ၊ မရှိ အာရုံစိုက် စစ်ဆေးလျက်ရှိကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် လိုက်လျောညီထွေ စီမံဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

Source: Thai PBS World

Most Read

Most Recent