အာဖဂန်အမျိုးသမီးများ၏ ပညာရေးကို တစ်ဖက်တစ်လမ်းမှကူညီပေးနေသော ပြင်သစ်အခြေစိုက် ရုပ်မြင်သံကြားချန်နယ်

အာဖဂန်အမျိုးသမီးများ၏ ပညာရေးကို တစ်ဖက်တစ်လမ်းမှကူညီပေးနေသော ပြင်သစ်အခြေစိုက် ရုပ်မြင်သံကြားချန်နယ်
Photo - AFP
Photo - AFP
Published 24 March 2024

ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရှိ အသေးစားရုပ်မြင်သံကြား စတူဒီယို တစ်ခုတွင် မျက်နှာများကို ဖုံးအုပ် ထားခြင်းမရှိသော အာဖဂန်အမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏ မွေးရပ်မြေမှ အမျိုးသမီးများအတွက် အကူ အညီဖြစ်စေရန် ရည်ရွယ်၍ ကင်မရာရှေ့တွင် သတ္တိရှိစွာ ရပ်တန့်ခဲ့ကြသည်။

“ဒီညမှာတော့ ကျွန်မတို့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေကြုံနေရတဲ့ မတူညီတဲ့အ ကြမ်းဖက်မှု ပုံစံတွေအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု အသက် ၂၅ နှစ်အရွယ် ဒီဘာအက်ဘာရီက ဆိုသည်။

Begnum TV ဟုအမည်ပေးထားသည့် ပြင်သစ်အခြေစိုက် ဂြိုဟ်တူရုပ်မြင်သံကြား ချန်နယ်အသစ်သည် ပညာရေးဆိုင်ရာအစီအစဉ်များကို ရည်ရွယ်၍ ထုတ်လွှင့်နေသောကြောင့် အာဖဂန်နစ္စတန်နိုင်ငံရှိ နေအိမ်များတွင် သောင်တင်နေကြသည့် အမျိုးသမီးများအတွက် အနည်းငယ်သက်သာရာ ရစေခဲ့သည်။

“အမျိုးသားတွေက အမျိုးသမီးတစ်ဦးကို လက်ထပ်ပြီး အဲဒီအမျိုးသမီးကို အိမ်အလုပ်တာဝန်တွေပဲ လုပ် ရမယ်လို့ ကန့်သတ်လိုက်ပါတယ်။ အဲဒီအမျိုးသမီးရဲ့ဘဝမှာတစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ ကလေးမွေးဖို့ပဲ ဖြစ်ပါတယ်”ဟု အက်ဘာရီက ဆိုသည်။

“ဒါပေမဲ့ ဒီအမျိုးသမီးကိုပညာ သင်ကြားခွင့်နဲ့ လေ့ကျင့်သင်ယူခွင့်တွေကနေ တားမြစ်ကန့်သတ်တာ ဟာ အကြမ်းဖက်မှုပါပဲ”ဟု ၎င်းက ဆိုသည်။

တာလီဘန်တို့သည် အာဖဂန်အာဏာကို သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက အမျိုးသမီးများ၏ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ကန့်သတ်တားမြစ်ခဲ့ပြီး အစ္စလာမ်မစ်ဥပဒေကို တင်းကျပ်စွာပြဋ္ဌာန်းခဲ့ကာ အမျိုးသမီးများအားလုံးသည် မျက်နှာလွှားဇာ ဝတ်ဆင်ရမည်ဖြစ်ကာ အမျိုးသမီးများကို အများပြည် သူနေရာများမှ ကျယ်ကျယ်ပြန့်ပြန့် ဖယ်ကြဉ်ခဲ့သည်။

ဆယ်ကျော်သက် မိန်းကလေးများနှင့် အမျိုးသမီးများကို ကျောင်းများနှင့် တက္ကသိုလ်များတက်ရောက် ခွင့် တားမြစ်ပိတ်ပင်ခဲ့ပြီးထောင်နှင့် ချီသောအမျိုးသမီးများသည် ၎င်းတို့၏ အစိုးရအလုပ်များကို ဆုံးရှုံးခဲ့ကြသည်။ သတင်းထောက် အမျိုးသမီးအများအပြားသည် နိုင်ငံထဲမှ ထွက်ခွာခဲ့ကြသည်။

အာဖဂန်နိုင်ငံဖွား ဆွစ်ဇာလန်နိုင်ငံသူ စွန့်ဦးတီထွင်အမျိုးသမီးဟာ မီဒါအေမန်သည် ပါရီမြို့တော်တွင် ရုပ်မြင်သံကြားဌာနတစ်ခုကို တည်ထောင်ခဲ့ကာ မိန်းကလေးများနှင့်အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ပညာရေးကို ဆက်လက် သင်ယူနိုင်ရန်အတွက် အကူအညီဖြစ်စေရန် ကြိုးပမ်းခဲ့သည်။

“ရည်ရွယ်ချက်ကတော့ စာသင်ကျောင်းတွေနဲ့ ဗဟုသုတတွေကို အိမ်တိုင်ရာရောက် ယူဆောင် ပေးဖို့ဖြစ်ပါတယ်”ဟု၎င်းက ပြောပြခဲ့သည်။

“အစီအစဉ်ထဲမှာ သတင်းအချက်အလက်တွေ ပါတယ်ဆိုပေမယ့် အမျိုးသမီးတွေရဲ့ ဒဏ်ရာကို ကျက်စေဖို့ ပျော်ရွှင်မှုအနည်းငယ်နဲ့ ဖျော်ဖြေမှုတွေလည်း ထည့်ပေးထားပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသမီးများအတွက် Begum အဖွဲ့အစည်း၏ ပါရီရုံးများတွင် အေမန်က အမျိုးသမီးအများစုပါဝင်သော လူပေါင်းဒါဇင်ချီပါဝင်သည့် ၎င်း၏အဖွဲ့နှင့် ဟာသများပြောလျက်ရှိသည်။

ဝင်ပေါက်တွင်မူ ဧည့်သည်များအတွက် မွှေးကြိုင်သော လက်ဖက်ရည် ပုလင်းတစ်ပုလင်းကို စီစဉ်ပေး ထားသည်။

နေ့တစ်နေ့၏ အချိန်အများစုတွင် Begum TV သည် အလယ်တန်း အဆင့်သင်ရိုးများကို ထုတ် လွှင့်သင်ကြား ပေးလျက်ရှိကာ နေ့လယ်ခင်းအချိန်များတွင် ပြန်လည်ထုတ်လွှင့်မှုများ ပြုလုပ်ပေးသည်။

အာဖဂန်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် သင်ရိုးများကို ပြန်လည် သင်ကြားပေးထားသည့် ဗီဒီယို ၈၅၀၀ ကျော်ကိုလည်း ဝက်ဘ်ဆိုဒ်တစ်ခုတွင် တင်ပေးထားကာ အင်တာနက်ရရှိသူတိုင်း ယင်းဗီဒီယိုများကို အခမဲ့ကြည့်ရှုနိုင်သည်။

ညနေခင်းအချိန်တွင် ချန်နယ်၌ သုံးနာရီကြာ ဖျော်ဖြေရေးအစီအစဉ်ကို တင်ဆက်ပေးထားသည်။ ယင်းအစီအစဉ်တွင် အမေးအဖြေ အစီအစဉ်များလည်း ပါဝင်သည်။

ထို့ပြင် ယင်းချန်နယ်တွင် ပြည်ပသို့ ထွက်ပြေးလာသော ငယ်ရွယ်သည့် အာဖဂန်ဂျာနယ်လစ်များ၏ဘ ဝများကိုလည်း ရိုက်ကူးဖော်ပြထားသည်။“အာဖဂန်အမျိုးသမီးတွေဟာ အခွင့်အရေးအားလုံးသိမ်းယူခံခဲ့ရ ပါတယ်။ကျွန်မရဲ့အာဖဂန်ညီမတွေ ကိုကူညီချင်လို့ Begum TV  နဲ့ပူးပေါင်းဖြစ်ခဲ့တာပါ” ဟု ဂျာနယ်လစ် အက်ဘာရီက ဆိုသည်။          Ref:AFP

Most Read

Most Recent