လက်ဘနွန်မှ အစ္စရေးသိူ့ ဒုံးကျည် ၅၅ စင်းကျော် ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးပြောကြား

လက်ဘနွန်မှ အစ္စရေးသိူ့ ဒုံးကျည် ၅၅ စင်းကျော် ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးပြောကြား
Published 14 April 2024

လက်ဘနွန်မှ အစ္စရေးသို့ ဒုံးကျည် ၅၅ စင်းကျော် ပစ်လွှတ်ခဲ့သည်ဟု အစ္စရေး တပ်မတော် ပြောရေးဆိုခွင့်ရှိ သူ၏ ပြောကြားချက်အရ သိရကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ဧပြီ ၁၂ ရက်တွင် လက်ဘနွန်တောင်ပိုင်းမှ အစ္စရေးသို့ ဒုံးကျည် ၄၀ ခန့် ပစ်လွှတ်ခဲ့ပြီး ၊ ဧပြီ ၁၃ ရက်တွင် ဒုံးကျည် ၅၅ စင်းကျော်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက အစ္စရေး၏တိုက်ခိုက်မှုများကိုလည်းကောင်း၊ ဂါဇာ၌ ပါလက်စတိုင်းပြည်သူများကို ထောက်ခံသည့်အနေဖြင့်လည်းကောင်း တုံ့ပြန်သည့်အနေဖြင့် အစ္စရေး စစ်ဘက်နေရာများကို ဒုံးကျည်များဖြင့် ပစ်ခဲ့သည်ဟု ဟစ်ဇဘိုလာအဖွဲ့က ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ကတည်းက အစ္စရေးနှင့်နယ်နိမိတ်ထိစပ်နေသော လက်လနွန်တောင်ပိုင်း၌ အစ္စရေးနှင့်ဟစ်ဇဘိုလာတို့၏ပဋိပက္ခမြင့်တက်လာခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြုထားသော လက်ဘနွန်လက်နက်ကိုင်အုပ်စု ဟစ်ဇဘိုလာသည် ‌အစ္စ‌ရေးနယ်စပ်အနီးရှိ လက်လနွန်တောင်ပိုင်းတွင် ပင်မ စစ်ဆင်ရေး နယ်မြေရှိထားသည်။

ဟစ်ဇဘိုလာသည် အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးကို ဒုံးကျည်များဖြင့် မကြာမကြာ ပစ်ခတ်ခဲ့သည်။ အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် တုံ့ပြန်ပစ်ခတ်မှုများရှိခဲ့သည်။ အစ္စရေးသည် လက်ဘနွန်နယ်စပ်တစ်လျှောက်ရှိ မြို့ရွာများမှပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ကြရန် ညွှန်ကြားထားသည်။

Ref:CNN

Photos:CNN,Al Jazeera

Most Read

Most Recent