အနောက်အုပ်စုက ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ထားသည်ဟု ရုရှားသမ္မဟောင်းပြောကြား

အနောက်အုပ်စုက ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ထားသည်ဟု ရုရှားသမ္မဟောင်းပြောကြား
Photo:AP,AFP
Photo:AP,AFP
Published 21 April 2024

အနောက်အုပ်စုက ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို သုတ်သင်ရှင်းလင်း‌ရန်ပြင်ဆင်နေသည်ဟူသော သတင်းများနှင့်ပတ်သက်၍ ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ ဒီမီထရီမက်ဗီဒက်က တယ်လီဂရမ်တွင် ရေးသားဖော်ပြခဲ့သည်ဟု သိရသည်။

"ဒီသတင်းတွေဟာ အနောက်အုပ်စုက သူ့(ဇယ်လင်းစကီး)ကို သုတ်သင်ရှင်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ပထမဆုံး သက်သေအထောက်အထားဖြစ်နိုင်ပါတယ်"ဟု ရုရှားသမ္မတဟောင်းလည်းဖြစ်သော မက်ဗီဒက်က တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

ပိုလန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ယူကရိန်းလုံခြုံရေးဌာနနှင့် အစိုးရရှေ့နေချုပ်ရုံးတို့က ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပိုလန်နိုင်ငံသားသည် နောက်ပိုင်းတွင် ပိုလန်နိုင်ငံကို ရောက်လာသော ဇယ်လန်းစကီးကို လုပ်ကြံရန် ပြင်ဆင်ဆောင်ရွက်ရာတွင် ရုရှားထောက်လှမ်းရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့ကို အကူအညီပေးရန်လည်း ကမ်းလှမ်းခဲ့သည်ဟု ယူကရိန်းလုံခြုံရေးဌာနနှင့် အစိုးရရှေ့နေချုပ်ရုံးတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသောပိုလန် အမျိုးသားသည် ပိုလန်ရှိ ရက်ဇိုးယာစွန်ကာ လေဆိပ်နှင့်သက်ဆိုင်သော သတင်းများကို ‌ပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးရာတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

Ref:Armenia News

 

Most Read

Most Recent