ဒီအာကွန်ဂိုနိုင်ငံ၏ ကျန်းမာရေးအကျပ်အတည်းကို WHO က သတိပေးချက်ထုတ်ပြန်

ဒီအာကွန်ဂိုနိုင်ငံ၏ ကျန်းမာရေးအကျပ်အတည်းကို WHO က သတိပေးချက်ထုတ်ပြန်
မတ် ၉ ရက်က ဒီအာကွန်ဂိုနိုင်ငံအရှေ့ပိုင်း မီနိုဗာရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် စစ်ရှောင်ဒုက္ခသည်များ အစားအစာပြင်ဆင်နေစဉ်(Photo: AFP)
မတ် ၉ ရက်က ဒီအာကွန်ဂိုနိုင်ငံအရှေ့ပိုင်း မီနိုဗာရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် စစ်ရှောင်ဒုက္ခသည်များ အစားအစာပြင်ဆင်နေစဉ်(Photo: AFP)
Published 23 March 2024

ကာလဝမ်းရောဂါ၊ ဝက်သက်၊ mpox ၊ ထောင့်သန်းနာနှင့် ပလိပ်ရောဂါများဖြင့် က သောင်းကနင်းဖြစ်လျက်ရှိသော ကွန်ဂိုဒီမိုက ရက်တစ်သမ္မတနိုင်ငံ(ဒီအာကွန်ဂို)၏ ပိုမိုဆိုးရွားလာသော ကျန်းမာရေးအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ်၂၂ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုများ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၊ ရွှေ့ပြောင်းနေထိုင်မှု၊ ဆင်းရဲချို့တဲ့မှုနှင့် အာဟာရဓာတ်ချို့တဲ့မှုတို့သည် ကျန်းမာရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း WHO က ပြောကြားခဲ့ပြီးရန် ပုံငွေပိုမိုမြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။

“ဒီအာကွန်ဂိုပြည်သူတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုဟာ သတိပေးချက်ထုတ်ပြန်ရတဲ့အဆင့်တွေအထိ ရောက်ရှိလာပါတယ်”ဟု WHO ၏ ဒီအာကွန်ဂိုကိုယ်စားလှယ်ဘော် ရိုင်းမားဟာမာဆမ်ဘိုက ပြောကြားခဲ့သည်။

“နိုင်ငံရဲ့ နေရာအများအပြား အထူးသဖြင့် နိုင်ငံအရှေ့ဘက်ပိုင်းမှာ ပြည်သူတွေဟာ ထပ်မံပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေ၊ ဆေးရုံတွေမှာ ဒဏ်ရာရလူနာတွေနဲ့ဝန်ပိနေတဲ့အခြေအနေတွေရဲ့ အခြေအနေဆိုးတွေကိုရင် ဆိုင်နေရပါတယ်”ဟု ၎င်းက ကင်ရှာဆာမြို့မှတစ်ဆင့် ဗီဒီယိုဖုန်းဆက်သွယ်မှုမှနေ၍ဂျီ နီဗာတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဒီအာကွန်ဂိုသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ၎င်း၏ ပိုမိုဆိုးရွားသော ကာလဝမ်းရောဂါကူးစက်မှုနှင့် ကြုံတွေ့နေရကာ ၂၀၂၃ခု နှစ်တွင် သံသယဖြစ်စဉ် ၅၀,၀၀၀ နှင့်သေဆုံး သူ ၄၇၀ ခန့်ရှိသည်ဟု ၎င်းကဆိုသည်။

ထို့ပြင် ဒီအာကွန်ဂိုသည် ၂၀၁၉ ခုနှစ် နောက်ပိုင်းအကြီးမားဆုံး ဝက်သက်ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရပြီး ၂၀၂၄ ခုနှစ်တွင် ဝက်သက်ရောဂါကူးစက်မှုဖြစ်စဉ် ၂၈,၀၀၀ နှင့် သေဆုံးသူ ၇၅၀ ခန့်ရှိသည်။

ထို့ပြင် ယခင်ကမျောက်ကျောက်ရောဂါဟု လူသိများခဲ့သည့် mpox ရောဂါကူးစက်ခံရသူ ဆက်လက်မြင့်တက်လျက်ရှိကာ ယခုနှစ်အတွင်း ကူးစက်မှုသံသယဖြစ်စဉ် ၄,၀၀၀ နီးပါးနှင့် သေဆုံးသူ ၂၇၁ ဦးရှိသည်။

ထို့ပြင် ကူးစက်မှုဖြစ်စဉ်များ၏ သုံးပုံနှစ်ပုံကျော်သည် ကလေးများဖြစ်သည်ဟုသတင်းများတွင် ဖော်ပြထားသည်။ mpox ကူးစက်မှု ဖြစ်စဉ်များယခင်ဖြစ်ပွားမှုမရှိသည့် ဒေသများသို့ပျံ့နှံ့လျက်ရှိကာ WHO က အိမ်နီးချင်းနိုင်ငံများ သို့ကူးစက်နိုင်သည့်အပေါ်စိုးရိမ်လျက်ရှိသည်။

ထောင့်သန်းနာနှင့်ပလိပ်ရောဂါများသည်လည်း လွန်ခဲ့သည့်လက နိုင်ငံအရှေ့ဘက်ပိုင်းရှိ ဒေသခံအသိုင်းအဝိုင်းများကြားတွင် ကူးစက်ပျံ့နှံ့ခဲ့ကြောင်း ဆမ်ဘိုကထပ်မံ ပြောကြားခဲ့သည်။

ဒီအာကွန်ဂိုသည် ဆူဒန်ပြီးနောက်ကမ္ဘာ့ဒုတိယအကြီးဆုံးရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းကို ကြုံတွေ့နေရပြီး လူ ၁၀ သန်း နီးပါးရွှေ့ပြောင်းနေထိုင်ခဲ့ကြကာ လူဦးရေ ၂၅ ဒသမ ၄ သန်း၏ လေးပုံတစ်ပုံသည်ဆင်း ရဲချို့တဲ့မှုနှင့် အငတ်ဘေးတို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ၎င်းကဆိုသည်။

“၂၀၂၄ ခုနှစ်မှာ လူသန်း ၂၀ နီးပါးဟာ ကျန်းမာရေးထောက်ပံ့ကူညီမှုတွေ လိုအပ်နေပါတယ်”ဟု ဆမ်ဘိုကပြောကြားခဲ့ပြီးအကျပ်အတည်းနှင့် တုံ့ပြန်ဆောင်ရွက်မှုတို့သည်အ လွန်အမင်းရန်ပုံငွေမလုံလောက်မှုအခြေ အနေနှင့်ကြုံတွေ့နေရသည်ဟုဆိုသည်။

ဖေဖော်ဝါရီလက ကုလသမဂ္ဂသည် ဒီအာကွန်ဂိုတွင် လိုအပ်နေသော လူ ၈ ဒသမ ၇ သန်းကို လူသားချင်းစာနာထောက်ထားမှုအကူ အညီထောက်ပံ့ရန်အတွက် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကို တောင်းဆိုခဲ့သည်။   

Ref: AFP

Most Read

Most Recent