အောက်တိုဘာဟားမာ့စ်တိုက်ခိုက်မှုတွင် တာဝန်ပေါ့လျော့ခဲ့မှုအတွက် အစ္စရေး စစ်ဘက်ထောက်လှမ်းရေး အကြီးအကဲ ရာထူးမှနုတ်ထွက်

အောက်တိုဘာဟားမာ့စ်တိုက်ခိုက်မှုတွင် တာဝန်ပေါ့လျော့ခဲ့မှုအတွက် အစ္စရေး စစ်ဘက်ထောက်လှမ်းရေး အကြီးအကဲ ရာထူးမှနုတ်ထွက်
Published 23 April 2024

စစ်ပွဲလချီဖြစ်အောင် တွန်းပို့ပေးခဲ့သည့်  မနှစ်ကအောက်တိုဘာက ဟားမာ့စ်တိုက်ခိုက်မှုအတွက် မိမိအပြစ်ကိုတာဝန်ယူသည့်အနေဖြင့် အစ္စရေးစစ်ဘက်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်အဟာရွန်ဟာလီဗာ  တာဝန်မှနုတ်ထွက်လိုက်ပြီဖြစ်သည်။

ဗိုလ်ချုပ်ဟာလီဗာက အဆိုပါ “အမှောင်နေ့”နှင့် အတူ ၎င်းအသက်ရှင်နေရသည်ဟုဆိုသည်။ ဟာလီဗာသည် ဟားမာ့စ်တို့တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်းမရှိမှုဖြင့် ရာထူးမှနုတ်ထွက်ရသည့် ပထမဆုံး အစ္စရေးထိပ်ပိုင်းအရာရှိဖြစ်သည်။

“ကျွန်တော်ဦးဆောင်တဲ့ ထောက်လှမ်းရေးဌာနဟာ ပေးထားတဲ့တာဝန်ကို မ ကျေခဲ့ပါဘူး။အဲဒီအမှောင်နေ့ကြီးဟာ ကျွန်တော်နဲ့အမြဲတမ်းလိုက်နေတယ်” ဟု ဟာလီဗာက ၎င်း၏နုတ်ထွက်စာတွင် ဝန်ခံခဲ့သည်။  အစ္စရေးဘက်ကတရားဝင်ထုတ်ပြန်ချက်အရ ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်တွင် အရပ်သားများအပါအဝင် လူပေါင်း ၁,၁၇၀ သေဆုံးခဲ့သည်။

ဟားမာ့စ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကမူ အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် အမျိုးသမီးများ၊ ကလေးများအပါအဝင် လူပေါင်းသုံးသောင်းကျော် သေဆုံးထားသည်ဟုဆိုသည်။ အစ္စရေးစစ်တပ်က ဟားမာ့စ်အုပ်စုသည် ကျန်းမာရေးအဆောက်အအုံများကို ကွပ်ကဲရေးစင်တာအဖြစ်၊ ဓားစာခံများကိုထိန်းသိမ်းရန်နေရာအဖြစ်သုံးနေသည်ဟု စွပ်စွဲနေသည်။

Ref: AFP

Most Read

Most Recent