ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်ရေတပ်သင်္ဘော ၁၁ စင်း၊ စစ်လေယာဉ် ၁၅ စင်းနှင့် မိုးပျံပူဖောင်းတစ်လုံးကို ထောက်လှမ်းတွေ့ရှိခဲ့ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်ရေတပ်သင်္ဘော ၁၁ စင်း၊ စစ်လေယာဉ် ၁၅ စင်းနှင့် မိုးပျံပူဖောင်းတစ်လုံးကို ထောက်လှမ်းတွေ့ရှိခဲ့ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
ထိုင်ဝမ်၏ ကင်မန်ကျွန်းစုကို တွေ့ရစဉ် (Photo:Reuters)
ထိုင်ဝမ်၏ ကင်မန်ကျွန်းစုကို တွေ့ရစဉ် (Photo:Reuters)
Published 28 February 2024

ထိုင်ဝမ်ကျွန်းနီးတွင် တရုတ်ရေတပ် သင်္ဘော ၁၁ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ယခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်ရေတပ်သင်္ဘောအရေအတွက် အများဆုံး ထောက်လှမ်းတွေ့ရှိမှုဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက်က လူလေးဦးလိုက် ပါလာသည့် တရုတ်စပိဘုတ်တစ်စင်းသည် ထိုင်ဝမ်၏ ကင်မန်ကျွန်းအနီးတွင် ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့၏ လိုက်လံဖမ်းဆီးခံရချိန်တွင် တိမ်းမှောက်သွားခဲ့သဖြင့် စပိဘုတ် ပေါ်တွင်ပါရှိသည့် လူလေးဦးစလုံး ရေထဲသို့ ပြုတ်ကျသွားခဲ့ပြီး စပိဘုတ်အမှုထမ်းနှစ်ဦး သေဆုံးကာ ကျန်နှစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။

ကယ်တင်နိုင်ခဲ့သူနှစ်ဦးကို တရုတ်၏ ရှားမန်မြို့မှ ငါးကီလိုမီတာ(သုံးမိုင်)အကွာတွင် တည်ရှိသည့် ထိုင်ဝမ်၏ ကင်မန်ကျွန်းပေါ်တွင် ယာယီထိန်းသိမ်းခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် တရုတ်၏ နယ်မြေတစ်ခုအဖြစ် ကြေညာခံထားရသည့် ထိုင်ဝမ်နှင့် တရုတ်အကြား တင်းမာမှုများကို ပိုမိုမြင့် တက်စေခဲ့သည်။

စပိဘုတ်တိမ်းမှောက်မှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦးက ၎င်းတို့သည် တရုတ်ပြည်မကြီးထံ ပြန်လည်မောင်းနှင်နေချိန်တွင် ထိုင်ဝမ်ကမ်းခြေစောင့်သင်္ဘော၏ ဝင်တိုက်ခြင်းကို ခံခဲ့ရကြောင်း ပြောကြားခဲ့သော်လည်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ၎င်းတို့သည် တရားဝင်မှုရှိသည့် လုပ်ထုံးလုပ် နည်းများအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမတိုင်မီ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်သို့ စစ်လေယာဉ် ၁၅ စင်း၊ ရေတပ်သင်္ဘော ၁၁ စင်းနှင့် မိုးပျံပူဖောင်းတစ်လုံးကို စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုနှစ်တွင် ၂၄ နာရီအတွင်း ပုံမှန်အားဖြင့် တရုတ်ရေတပ်သင်္ဘောလေးစင်းနှင့် ခြောက်စင်းထက်ပိုပြီး ထောက်လှမ်းတွေ့ရှိမှုသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ထိုင်ဝမ်၏ တရားဝင်မှတ်တမ်းများ တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် ဇန်နဝါရီလအတွင်းက ဒုသမ္မတ လိုင်ချင်တယ် အနိုင်ရခဲ့သည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း တရုတ်ရေတပ်သင်္ဘော ၁၁ စင်းကို ထိုင်ဝမ်ကျွန်းအနီးတွင် ထောက်လှမ်း တွေ့ရှိခဲ့သည်။

တရုတ်သည် လိုင်ချင်တယ်ကို ခွဲထွက်ဝါဒီတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တရုတ်ပင်လယ်ရေကြောင်း ကင်းထောက်လှမ်းရေး သင်္ဘောတစ်စင်းနှင့် တရုတ်ကမ်းခြေစောင့် သင်္ဘောလေးစင်းသည် ကင်မန်ကျွန်းစုတစ်ဝိုက်ရှိ တားမြစ်ထားသော ရေပိုင်နက်ထဲသို့ ယာယီဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်ကမ်းခြေ စောင့်တပ်ကို ကြီးကြပ်ရသည့် ပင်လယ်သမုဒ္ဒရာရေးရာကောင်စီ အကြီးအကဲ ခွမ်ပိလင်က ပြောကြားခဲ့သည်။

တရုတ်ကမူ ဖေဖော်ဝါရီ ၁၄ ရက်က စပိဘုတ်တိမ်းမှောက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်ဝမ်အာဏာပိုင်များသည် ၎င်းတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ရှောင်လွှဲရန် ကြိုးပမ်းနေပြီး အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။

ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ တိမ်းမှောက်ခဲ့သည့် စပိဘုတ်သည် အရှိန်ဖြင့် မြွေ လိမ်မြွေကောက် မောင်းနှင်မှုအပါအဝင် စပိဘုတ်၏ အရှိန်ကို မထိန်းနိုင်တော့ဘဲ ဟန်ချက်ပျက်ကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent