သင့်လျော်သည့်အချိန်တွင် အီရန်၏ တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဟု အစ္စရေးပြောကြား၊ အစ္စရေး၏ တုံ့ပြန်မှုအပေါ် အီရန် သတိပေး

သင့်လျော်သည့်အချိန်တွင် အီရန်၏ တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဟု အစ္စရေးပြောကြား၊ အစ္စရေး၏ တုံ့ပြန်မှုအပေါ် အီရန် သတိပေး
Published 15 April 2024

အီရန်နှင့်အစ္စရေးအကြား ကျယ်ပြန့်သည့်စစ်ပွဲကို ရှောင်လွှဲရန်အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တောင်းဆိုမှုများမြင့်တက်နေချိန်သည့်ကြားမှ အီရန်၏တိုက်ခိုက်မှုကို သင့်လျော်သည့်အချိန်တွင် တုံ့ပြန်သွားရန် ချိန်ဆနေကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

အစ္စရေးနှင့် ၎င်း၏မဟာမိတ်များသည် အစ္စရေးအား အီရန်၏ပထမဆုံးတိုက်ရိုက်တိုက်ခိုက်မှုတစ်ခုတွင် ဒရုန်းများနှင့် ဒုံးကျည်များအားလုံးနီးပါးကို ပစ်ချနိုင်ခဲ့သည်။

အမေရိကန်ကမူ ဒေသတွင်းရန်လိုမှုများ မြင့်တက်လာမည့်အရေးမှရှောင်ရှားရန် အစ္စရေး၏ တုံ့ပြန်မှုများတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးတစ်ဦးဖြစ်သည့် ဘန်နီဂန့်ဇ်ကမူ အစ္စရေးအနေဖြင့် သင့်လျော်သည့်အချိန်တွင် အီရန်ထံမှ တန်ရာတန်ကြေး ပြန်လည်တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၁ ရက်က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အီရန် ထိပ်သီးဗိုလ်ချုပ်ကြီးနှစ်ဦးအပါအဝင် အီရန်စစ်ရေးအကြံပေးအချို့သေဆုံးခဲ့ပြီး သီတင်းနှစ်ပတ်နီးပါးအကြာတွင် အီရန်ကစစ်ရေးအရတုံ့ပြန်မည့် အစီအစဉ်ကို ကြိုတင်သတိပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် အစ္စရေးအနေဖြင့် မဆင်မခြင်တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်မည်ဆိုပါက အီရန်၏ မကြုံစဖူး ပြင်းထန်သည့် တုံ့ပြန်မှုကို ခံရမည်ဟုလည်း အီရန်သမ္မတ အီဘရာဟင်ရာအီစီက ပြောကြားခဲ့သည်။

"တကယ်လို့ အစ္စရေးအစိုးရ ဒါမှမဟုတ် အစ္စ‌ရေးကို ထောက်ခံသူတွေဟာ မဆင်မခြင်အပြုအမူတွေ ပြုလုပ်မယ်ဆိုရင် သူတို့တွေဟာ တိကျပြတ်သားပြီး ပြင်းထန်တဲ့တုံ့ပြန်မှုကို ခံရမှာဖြစ်ပါတယ်"ဟု ရာအီစီက ပြောကြားခဲ့သည်။

Ref:BBC

Most Read

Most Recent