အနောက်အုပ်စုက ယူကရိန်းစစ်ပွဲကို အရှိန်မြင့်တက်လာအောင်လုပ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ အန္တရာယ်ရှိလာမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် သတိပေး

အနောက်အုပ်စုက ယူကရိန်းစစ်ပွဲကို အရှိန်မြင့်တက်လာအောင်လုပ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ အန္တရာယ်ရှိလာမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် သတိပေး
နိုင်ငံကို မိန့်ခွန်းပြောကြားနေသည့် ပူတင်ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် တွေ့ရစဉ် (Photo: AFP)
နိုင်ငံကို မိန့်ခွန်းပြောကြားနေသည့် ပူတင်ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 1 March 2024

ရုရှားသမ္မတဗလာဒီမာပူတင်က အနောက်အုပ်စုသည် ယူကရိန်းစစ်ပွဲကိုအ ရှိန်မြင့်တက်လာအောင် လုပ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ၏စစ်မှန် သောအန္တရာယ်ရှိလာမည်ဟုဖေ‌ဖော်ဝါရီ ၂၉ ရက်တွင် သတိ ပေးခဲ့ပြီး ရုရှားပြည်သူများကိုပြောကြားသည့် နှစ်စဉ်မိန့်ခွန်းတွင် ရန်တုံ့ပြန်လိုပြီး ရဲတင်းသောသဘောထားကို ပြသလိုက်ခြင်းဖြစ်သည်။

၎င်း၏စစ်သားများသည် ယူကရိန်းတွင် စစ်ချီလျက်ရှိသည်ဟု မော်စကိုတွင်ပြောကြားသောမိန့်ခွန်းတွင် ပူတင်ကပြောကြားခဲ့ပြီး ယူကရိန်းသို့စစ်သားပို့ရဲသော နိုင်ငံတိုင်း အတွက်ဆိုးရွားသော အကျိုးဆက်များကို အ နောက်အုပ်စုအား သတိပေးခဲ့သည်။

“သူတို့က ယူကရိန်းကို(နိုင်ငံ)ကိုယ်စားပြုတပ်ဖွဲ့တွေပို့မယ့် အလားအလာကို ပြောကြားခဲ့ပါတယ်။ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ ကြားဝင်စွက်ဖက်သူတွေအတွက် အကျိုးဆက်တွေဟာ ပိုမိုဆိုးရွားပါလိမ့်မယ်”ဟု မိန့်ခွန်းတွင် ၎င်းကပြောကြားခဲ့သည်။

“သူတို့ရဲ့နယ်မြေထဲက ပစ်မှတ်တွေကို ထိမှန်အောင်ပစ်နိုင်တဲ့ လက်နက်တွေ ကျွန် တော်တို့ဆီမှာရှိနေတယ်ဆိုတာ နောက်ဆုံးမှာ သူတို့သဘောပေါက်ထားသင့်ပါတယ်။ အနောက်အုပ်စုက လုပ်ဆောင်တာမှန်သမျှဟာ နျူကလီးယားလက်တွေ သုံးမယ့်တကယ့်ပဋိပက္ခဖြစ်လာမယ့်ခြိမ်းခြောက်မှုကို ဖန်တီးနေတာဖြစ်ပြီး အကျိုးဆက်ကတော့ လူသားတွေသေကျေပျက်စီးတာကို ဖန်တီးနေတာဖြစ်ပါတယ်”ဟု ပူတင်ကသတိပေးခဲ့သည်။

ယူကရိန်းနိုင်ငံသို့ စစ်သားများစေလွှတ်ရေးကိစ္စကို ငြင်းပယ်ခြင်းမပြုကြောင်း ယခုသီတင်းပတ် အစောအပိုင်းတွင် ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်ပြောဆိုခဲ့သောစကားကို ပူတင်ကတုံ့ပြန်လိုက်ပုံရ သည်။အခြားသောဥရောပခေါင်းဆောင်များကမူ ယူကရိန်းသို့ စစ်သားများစေလွှတ်ရေးကိစ္စကို အလျင်အမြန် ပယ်ချခဲ့ကြသည်။

မည်သို့ဆိုစေ မက်ခရွန်၏ပြောစကားက ရုရှားကို စိတ်တိုစရာဖြစ်စေခဲ့သည်။ ရုရှားက ၎င်းနှင့်ယူကရိန်းတို့ဖြစ်ပွားနေသော စစ်ပွဲကိုနေတိုးနှင့်ပါစစ်ခင်းနေရသည့် ‘မျိုးစပ်စစ်ပွဲ’ အဖြစ်ရှုမြင်ထားသည်မှာကြာပြီဖြစ်သည်။

သို့ရာတွင် ပူတင် တုံ့ပြန်ပြောဆိုသော စကားများသည် ဝေဖန်ပြစ်တင်မှုခံခဲ့ရသည်။

“သမ္မတပူတင်ဆီကနေ တာဝန်မဲ့တဲ့လေလုံးထွားပြောဆိုမှုတွေကို ကျွန်တော်တို့ကြားနေရတာဟာ ပထမဆုံး အကြိမ်မဟုတ်ပါဘူး”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ဖေဖော်ဝါရီ ၂၉ ရက်တွင် သတင်းထောက်များကိုပြောကြားခဲ့သည်။

“ဒါဟာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦး ပြောရမယ့်စကား မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ကလည်း ပူတင်၏ ပြောစကားများကို ရှုတ်ချခဲ့သည်။

“နျူကလီးယားခြိမ်းခြောက်မှုတွေနဲ့ သက်ဆိုင်တဲ့စကားတွေကို ပူတင်ပြန်ပြောနေတာတွေကို လက်မခံနိုင်ပါဘူး”ဟု ယင်းအဖွဲ့၏အမှုဆောင် ဒါရိုက်တာ မယ်လီဆာပါ့ခ်က ပြောကြားခဲ့သည်။

အနောက်အုပ်စုခေါင်းဆောင်များကလည်း ပူတင်၏နျူကလီးယားခြိမ်းခြောက်မှုများကို ထပ်တလဲလဲ ဝေဖန်ခဲ့ကြသည်။

Ref: AFP

Most Read

Most Recent