အီရန်ကိုဆန့်ကျင်သည့် အစ္စရေး၏ ​တန်ပြန်တိုက်ခိုက်မှုတွင် ပါဝင်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဘိုင်ဒင်ပြောကြား

အီရန်ကိုဆန့်ကျင်သည့် အစ္စရေး၏ ​တန်ပြန်တိုက်ခိုက်မှုတွင် ပါဝင်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဘိုင်ဒင်ပြောကြား
Published 15 April 2024

အီရန်ကို ဆန့်ကျင်သည့် အစ္စရေး၏ တန်ပြန်တိုက်ခိုက်မှုတွင် အမေရိကန်က ပါဝင်လိမ့်မည်မဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို သတိပေးခဲ့သည်။

အစ္စရေး၏ နယ်နိမိတ်ကို အီရန်က ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နေတန်ယာဟု၏ စစ်ပွဲဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က အီရန်ကို တန်ပြန်တိုက်ခိုက်ရန် ထောက်ခံနေချိန်တွင် ဘိုင်ဒင်၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသ၏ ရန်ဘက်များဖြစ်သည့် အစ္စရေးနှင့် အီရန်အကြား စစ်ပွဲဖြစ်ပွားလာနိုင်သည့် ခြိမ်းခြောက်မှုနှင့် ဒေသတွင်း ပဋိပက္ခတွင် အမေရိကန် ပါဝင်လာနိုင်မည့် အခြေအနေ မြင့်တက်လာခြင်းကြောင့် နောက်ထပ်တင်းမာမှုများ မြင့်တက်လာမည့် အခြေအနေကို ရှောင်လွှဲရန် သက်ဆိုင်သူများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံများနှင့် အာရပ်နိုင်ငံများက တိုက်တွန်းလျက်ရှိသည်။

အမေရိကန်အနေဖြင့် အစ္စရေး၏ မိမိကိုယ်ကိုယ်ခုခံရေးကို ကူညီပေးမည်ဖြစ်သော်လည်း စစ်ပွဲ မဖြစ်ပွားစေလိုကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဧပြီ ၁၄ ရင်တွင် အေဘီစီ သတင်းဌာနကို ပြောကြားခု့သည်။

ဂျော်ဒန်ဘုရင် အဗ္ဗဒူလာကလည်း အစ္စရေး၏ လုပ်ဆောင်မှုများကြောင့် တင်းမာမှုများ မြင့်တက်လာမည်ဆိုပါက ဒေသတွင်း ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာစေနိုင်ကြောင်း ဧပြီ ၁၄ ရက်က ဘိုင်ဒင်နှင့် ဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent