အစ္စရေးစစ်သားများသည် ဂါဇာဆေးရုံတွင် ဓားစားခံများကိုရှာဖွေချိန်အတွင်း အလောင်းများကို မြေမြှုပ်ခဲ့သည်ဆိုသည့် သတင်းများကို အစ္စရေးစစ်တပ် ငြင်းဆို

အစ္စရေးစစ်သားများသည် ဂါဇာဆေးရုံတွင် ဓားစားခံများကိုရှာဖွေချိန်အတွင်း အလောင်းများကို မြေမြှုပ်ခဲ့သည်ဆိုသည့် သတင်းများကို အစ္စရေးစစ်တပ် ငြင်းဆို
ဧပြီ ၂၃ ရက်က ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရှိ နက်ဆာဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက မြေမြှုပ်ခံထားရသည့် အလောင်းများကို တူးဖော်နေစဉ်(Photo:AFP)
ဧပြီ ၂၃ ရက်က ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရှိ နက်ဆာဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက မြေမြှုပ်ခံထားရသည့် အလောင်းများကို တူးဖော်နေစဉ်(Photo:AFP)
Published 24 April 2024

အစ္စရေးစစ်သားများသည် ဂါဇာရှိ ဆေးရုံတစ်ရုံတွင် ဓားစာခံများကို ရှာဖွေချိန်အတွင်း ရာနှင့်ချီသည့် ပါလက်စတိုင်းများ၏ အလောင်းများကို မြေမြှုပ်ခဲ့သည်ဆိုသည့် သတင်းများကို အစ္စရေးစစ်တပ်က အခြေအ မြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ထိုအလောင်းများကို စစ်ဆေးမှုများသာ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရှိ နက်ဆာဆေးရုံဝင်းအတွင်း ကျန်းမာရေးဝန်ထမ်းများသည် အစ္စရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး မြေမြှုပ်ခံခဲ့ရသည့် ပါလက်စ တိုင်းများ၏ အလောင်း ၃၄၀ နီးပါးကို တွေ့ရှိခဲ့ကြောင်း ဂါဇာ၏ ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ဧပြီ ၂၃ ရက်က ပြောကြားခဲ့သည်။

“IDF  (အစ္စရေးစစ်တပ်)ဟာ ပါလက် စတိုင်းအလောင်းတွေကို မြေမြှုပ်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေဟာ အခြေအမြစ်မရှိပါဘူး”ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး ထိုပါလက်စတိုင်းများကို သတ်ဖြတ်ခဲ့သည့် နောက်ကွယ်တွင် အစ္စရေးစစ်သားများ ရှိနေသည်ဆိုသည့် ဟားမာ့စ်တို့ဦးဆောင်သည့် အာဏာပိုင်များ၏ စွပ်စွဲချက်ကို တိုက်ရိုက်ဖြေရှင်းခဲ့ခြင်းမရှိပေ။

အစ္စရေးစစ်သားများသည် ထိုဆေးရုံတွင် မြှုပ်နှံခံခဲ့ရသည့် အလောင်းများကို စစ်ဆေးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဝန်ခံခဲ့သည်။

“နက်ဆာဆေးရုံဝင်းအတွင်း ဓားစာခံတွေနဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မြေမြှုပ်ခံခဲ့ရတဲ့ အလောင်းတွေကို လေ့လာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်”ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ လေ့လာစစ်ဆေးမှုကို ဂရုတစိုက်လုပ်ဆောင်ခဲ့ပြီး ဓားစာခံများရှိနေနိုင်သည်ဆိုသည့် ထောက်လှမ်းရေးသတင်းများ ရရှိထားသည့် နေရာများတွင်သာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အလောင်းများကို စစ်ဆေးခဲ့ပြီးနောက် ထိုအလောင်းများသည် အစ္စရေးဓားစာခံများ မဟုတ်သည်ကို သိရှိခဲ့ပြီး ထိုအလောင်းများကို ၎င်းတို့၏မူလနေရာတွင် ပြန်လည်ထားရှိ ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန် ခဲ့ခြင်းမရှိပေ။

ဟားမာ့စ်အစိုးရပိုင် မီဒီယာအကြီးအကဲ အစ္စမေးလ် အယ်သာဝက်ဘ်တာက အစ္စရေး စစ်သားများသည် ဆေးရုံဝင်းအတွင်း သချႋုင်းမြေပုံများ အများအပြားတူးနေကြောင်း စွပ်စွဲခဲ့သည်။

“နက်ဆာဆေးရုံဝင်းထဲမှာ အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ သချႋုင်းမြေပုံတွေ အများအပြားကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်”ဟု သာဝက်ဘ်တာက ဧပြီ ၂၂ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ သာဝက်ဘ်တာ စွပ်စွဲခဲ့သည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး တိတိကျကျဖြေရှင်းရန် အေအက်ဖ်ပီသတင်းဌာန၏ တောင်းဆိုမှုများကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကမူ ထို အကြောင်းအရာနှင့်ပတ်သက်ပြီး ဧပြီ ၂၃ ရက်က အကျဉ်းချုံးပြောကြားခဲ့သည်။

“သချႋုင်းမြေပုံတွေ အများကြီးတွေ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်ရပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ မှန်မှန်ကန်ကန် အတည်မပြုနိုင်ပါဘူး”ဟု ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အစ္စရေးနှင့် သေသေချာချာ ဆွေးနွေးသွားမည်ဟုလည်း ကာဘီက ပြောကြားခဲ့သည်။                          Ref:AFP

Most Read

Most Recent