လီဗာပူးလ်အတွက် ကစားခဲ့သည့် (၇)ရာသီ၌ (၆)ရာသီတွင်  ပြိုင်ပွဲစုံ(၂၅)ဂိုးနှင့်အထက် ဆာလာ သွင်းယူနိုင်ခဲ့

လီဗာပူးလ်အတွက် ကစားခဲ့သည့် (၇)ရာသီ၌ (၆)ရာသီတွင်  ပြိုင်ပွဲစုံ(၂၅)ဂိုးနှင့်အထက် ဆာလာ သွင်းယူနိုင်ခဲ့
Photo : Getty Images
Photo : Getty Images
Published 6 May 2024

လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် အသင်းအတွက် ကစားခဲ့သည့် (၇)ရာသီတွင် (၆) ရာသီ၌ ပြိုင်ပွဲစုံ(၂၅)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဆာလာသည် ၂၀၁၇ နွေရာသီတွင် ရိုးမားအသင်းထံမှ လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပထမဆုံးကစားသည့် ၂၀၁၇-၁၈ ရာသီ၌ ပြိုင်ပွဲစုံ(၄၄)ဂိုး သွင်းယူနိုင်ခဲ့သည်။

၂၀၁၈- ၁၉ ရာသီတွင် (၂၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီတွင်မူ (၂၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ အဆိုပါရာသီမှာ လီဗာပူးလ်ကစားသမားဘဝတွင် ဆာလာ (၂၅)ဂိုးအောက်သာ သွင်းယူနိုင်သည့် တစ်ခုတည်းသောရာသီဖြစ်သည်။

ဆာလာသည် ၂၀၂၀-၂၁ ရာသီတွင် (၃၁)ဂိုး၊ ၂၀၂၁-၂၂ ရာသီတွင် (၃၁)ဂိုး၊ ၂၀၂၂-၂၃ ရာသီတွင် ဂိုး(၃၀)သွင်းယူခဲ့ပြီး ယခုရာသီတွင် ပြီးခဲ့သည့် စပါးနှင့်ပွဲ၌ (၂၅)ဂိုး ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ဆာလာသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကွင်းဘေးစည်း၌ နည်းပြ ယာဂန်ကလော့ပ်နှင့် အချေအတင်ဖြစ်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသော်လည်း ယခုတစ်ပတ်တွင် အသင်းအတွက် ခြေစွမ်းပြကာ မှတ်တမ်းဝင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent