■ ဂွါဒီယိုလာလက်ထက်၌ ပန်းဝင်ချိန် ရလဒ်အကောင်းဆုံးအသင်းအဖြစ် မန်စီးတီး ရပ်တည်     

■ ဂွါဒီယိုလာလက်ထက်၌ ပန်းဝင်ချိန် ရလဒ်အကောင်းဆုံးအသင်းအဖြစ် မန်စီးတီး ရပ်တည်     
Photo: AP
Photo: AP
Published 3 May 2024

မန်စီးတီးအသင်းသည် လက်ရှိနည်းပြ ဂွါဒီယိုလာလက်ထက်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပန်းဝင်ချိန် ရလဒ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ 

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆-၁၇ ရာသီတွင် စတင်ကိုင်တွယ်ခဲ့သောကြောင့် စုစုပေါင်း(၇)ရာသီ ကိုင်တွယ်ခဲ့ပြီးပြီဖြစ်သည်။ 

အဆိုပါ(၇)ရာသီ၌ ရာသီအဆုံးသတ်ပိုင်း နောက်ဆုံး(၁၀)ပွဲမှ စုစုပေါင်းပွဲ(၇၀)၏ ရလဒ်များကို ပြန်လည်ဆန်းစစ်ကြည့်ပါက မန်စီးတီးအသင်းအနေဖြင့် ရှုံးပွဲ(၈)ပွဲသာ ကြုံတွေ့ခဲ့ရကြောင်း Transfermarkt ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုရာသီနောက်ဆုံး (၁၀)ပွဲတွင်လည်း (၆)ပွဲကစားပြီးချိန်၌ (၅)ပွဲနိုင်၊ (၁)ပွဲသရေဖြင့် ရှုံးပွဲမရှိသေးပေ။

 

Most Read

Most Recent