မန်စီးတီးရဲ့ လွှမ်းမိုးမှုနဲ့ အင်္ဂလန်တို့ရဲ့အောင်ပွဲ

မန်စီးတီးရဲ့ လွှမ်းမိုးမှုနဲ့ အင်္ဂလန်တို့ရဲ့အောင်ပွဲ
Photo : Getty Images
Photo : Getty Images
Published 22 August 2024
Phoe Thar

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA)က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ ကြိုတင်ခန့်မှန်းခဲ့ကြတဲ့အတိုင်း မန်စီးတီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဖိုဒန်က ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိခဲ့ပါတယ်။ ၁၉၇၃-၇၄ ဘောလုံးရာသီက စတင်ချီးမြှင့်တဲ့ PFA ဆုဟာ အင်္ဂလန်ဘောလုံးသမိုင်းရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ဆုတစ်ခုဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတွေကိုယ်တိုင် ရွေးချယ်ချီးမြှင့်တဲ့ဆုဖြစ်လို့ ဆုရရှိတဲ့ကစားသမားအတွက်လည်း ခမ်းနားထည်ဝါမှုဖြစ်စေမှာပါ။

 

Most Read

Most Recent