■ ၂၀၂၈ ခုနှစ်၌ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ရန် ရည်မှန်းထားသည်ဟု မန်ယူအမှုဆောင်ချုပ် ပြောကြား     

■ ၂၀၂၈ ခုနှစ်၌ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ရန် ရည်မှန်းထားသည်ဟု မန်ယူအမှုဆောင်ချုပ် ပြောကြား     
Photo: Getty Images
Photo: Getty Images
Published 27 September 2024

မန်ယူအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အိုမာဘာရာဒါက ၂၀၂၈ ခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

    

မန်ယူအသင်းသည် ပရီးမီး ယားလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း ချန်ပီယံဆုကို ၂၀၁၂-၁၃ ရာသီတွင် နောက်ဆုံးရရှိခဲ့သည့်အတွက် ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သည်။ 

မန်ယူအသင်းသည် ဂန္ထဝင်နည်းပြ ဖာဂူဆန်နှင့် လမ်းခွဲပြီးနောက်ပိုင်း ချန်ပီယံဆုနှင့် ဝေးကွာနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် အဆင့်(၈)နေရာအထိ ရောက်ရှိခဲ့သည်။ 

ထို့ကြောင့် လက်ရှိအနေအထားအရ မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် မလွယ်ကူသေးကြောင်း သုံးသပ်မှုများရှိနေသော်လည်း အိုမာဘာရာဒါက ၂၀၂၈ ခုနှစ်၌ ချန်ပီယံဆု ပြန်လည်ရယူနိုုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

    

မန်ယူအသင်းသည် ၁၈၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သောကြောင့် ၂၀၂၈ ခုနှစ်တွင် အသင်းတည်ထောင်မှု နှစ်(၁၅၀)ပြည့် မြောက်မည်ဖြစ်သည်။ 

ထို့ကြောင့် ယင်းနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် ရည်မှန်းထားခြင်းဖြစ်ပြီး အကောင်အထည် ဖော်နိုင်ရန် ပစ်မှတ်ထားပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အိုမာဘာရာဒါက လက်ရှိနည်းပြ တန်ဟက်ဂ်အပေါ် ယုံကြည်မှုအပြည့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent