သမ္မတဗိုဗန်သွန်း၏ နုတ်ထွက်မှုကို ဗီယက်နမ်အမျိုးသားလွှတ်တော် အတည်ပြု

သမ္မတဗိုဗန်သွန်း၏ နုတ်ထွက်မှုကို ဗီယက်နမ်အမျိုးသားလွှတ်တော် အတည်ပြု
ဗီယက်နမ်သမ္မတ ဗိုဗန်သွန်းကို တွေ့ရစဉ် - Photo: AFP
ဗီယက်နမ်သမ္မတ ဗိုဗန်သွန်းကို တွေ့ရစဉ် - Photo: AFP
Published 21 March 2024
Ref: Reuters

သမ္မတဗိုဗန်သွန်း၏ ရာထူးမှနုတ်ထွက်မှု ကို ဗီယက်နမ် ဥပဒေပြုလွှတ်တော်က မတ်လ ၂၁ ရက်တွင် အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

သို့ဖြစ်ရာ အာဏာရ ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေစဉ် ဗိုဗန်သွန်းသည် ရာထူးမှ လတ်တလောနုတ်ထွက်ခဲ့သည့် ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။

၅၃ နှစ်အရွယ် သွန်းသည် ဗီယက်နမ် တွင် တစ်နှစ်ကျော်အတွင်း ဒုတိယမြောက် နုတ်ထွက်သည့် သမ္မတဖြစ်လာသည်။ ဗီယက် နမ်တွင် မကြာသေးမီက ခေါင်းဆောင်ပိုင်း အပြောင်းအလဲများသည် ကျယ်ကျယ်ပြန့်ပြန့် နှင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး စီမံ ချက်နှင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်နေသည်။

ရာထူးမှ နုတ်ထွက်သွားသည့် ဗိုဗန်သွန်း ၏ နေရာတွင် မည်သူနှင့်အစားထိုးမည်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခြင်းမရှိသော်လည်း ဗီယက်နမ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လက်ရှိဒုသမ္မတ ဗိုသီအန်းရွှမ်က ၎င်းရာထူး ကို ယာယီတာဝန်ယူရမည်ဖြစ်သည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ အတည်ပြုချက်တောင်းခံရန် ဆက်သွယ်မေး မြန်းမှုများကို အမျိုးသားလွှတ်တော်ရုံးက လတ်တလောတွင် တုံ့ပြန်ဖြေကြားခြင်းမရှိ သေးပေ။

ဗီယက်နမ်တွင် သမ္မတရာထူးမှာ အဆောင်အယောင် ရာထူးမျှသာ ဖြစ်သော်လည်း ဗီယက်နမ်၏ အမြင့်ဆုံးနိုင်ငံရေးရာထူး လေးနေရာ အနက်မှ တစ်ခုဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ငုယင်ရွှမ်ဖူ ရာထူးမှ ရုတ်ခြည်းနုတ်ထွက်သွား ပြီးနောက် ဗိုဗန်သွန်းကို ဗီယက်နမ် အမျိုးသား လွှတ်တော်က မတ်လ ၂ ရက်တွင် သမ္မတ သစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ် သည်။

သမ္မတဟောင်း ငုယင်ရွှမ်ဖူသည် ၎င်းင်း၏လက်အောက်ရှိ အစိုးရအရာရှိများ၏ ဥပဒေ ချိုးဖောက်မှုများနှင့် မမှန်မကန်လုပ်ဆောင် မှုများနှင့်ပတ်သက်၍ အာဏာရပါတီ၏ ဝေ ဖန်ခြင်းကိုခံရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ သည်။

အာဏာရပါတီ ဗဟိုကော်မတီက လက် ရှိသမ္မတ ဗိုဗန်သွန်း၏ နုတ်ထွက်မှုကို လက်ခံ ခဲ့ပြီးနောက် အဆုံးအဖြတ်ပေးနိုင်သည့် အ မြင့်ဆုံး အခွင့်အာဏာရှိသော ပေါ်လစ်ဗျူရို မှ ၎င်းကိုဖယ်ရှားခဲ့ပြီး အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အကြီးအကဲရာထူး မှလည်း ဖယ်ရှားပြီးနောက် လုပ်ထုံးလုပ်နည်း တစ်ရပ်အ ဖြစ် ဗီယက်နမ်၏ လက်ညှိုးထောင် ခေါင်းညိတ်လွှတ်တော်ဖြစ်သည့် အမျိုးသား လွှတ်တော်က မတ်လ ၂၁ ရက်တွင် မဲခွဲအ တည်ပြုခဲ့သည်။

၅၃ နှစ်အရွယ် သွန်းသည် ပါတီစည်းမျဉ်း များကို ချိုးဖောက်ခဲ့ပြီး ယင်းအားနည်းချက် များသည် လူထု၏အမြင်ကို အနုတ်သဘော ဆောင်သည့် သက်ရောက်မှု ဖြစ်စေခဲ့ကာ ပါ တီ၊ အစိုးရနှင့် ၎င်းကိုယ်၌၏ ဂုဏ်သတင်းကို ပါ ထိခိုက်စေခဲ့ကြောင်း ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ပြီး သွန်းသည် မည် သည့်အမှားအယွင်းမျိုး ကျူးလွန်ခဲ့သည်ကိုမူ အသေးစိတ်ထုတ်ပြန်ခြင်း မရှိပေ။

ဗီယက်နမ် နိုင်ငံရေးလောကတွင် အ ဆင့်မြင့်ရာထူးတာဝန် ထမ်းဆောင်နေသည့် အမျိုးသမီးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် ဒုသမ္မတ ဗိုသီအန်းရွှမ်သည် တစ်နှစ်ကျော်အ တွင်း ဒုတိယအကြိမ်အဖြစ် သမ္မတနေရာအ တွက် ခေတ္တတာဝန်ယူရမည်ဖြစ်သည်။

ယမန်နှစ်တွင် သမ္မတဟောင်း ငုယင်ရွှမ် ဖူ ရာထူးမှနုတ်ထွက်ပြီး သီတင်းပတ်ခြောက် ပတ်အကြာတွင်လည်း ၎င်းင်းက သမ္မတအဖြစ် ယာယီတာဝန်ယူခဲ့သည်။

ဗိုဗန်သွန်းသည် ဗီယက်နမ်၏ သြဇာအ ကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး မကြာသေးမီကာလအ တွင်း အရှိန်မြှင့်လုပ်ဆောင်လာသည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်၏ ပဲ့ကိုင် ရှင်လည်းဖြစ်သည့် ကွန်မြူနစ်ပါတီ အထွေ ထွေအတွင်းရေးမှူး ငုယင်ဖူကျောင့်နှင့် ရင်းနှီး သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရ သည်။