ရာသီဥတု ပူပြင်းမှုနှင့် ပိုဆိုးလာသည့် လျှပ်စစ်မီးပြတ်တောက်မှု

ရာသီဥတု ပူပြင်းမှုနှင့် ပိုဆိုးလာသည့် လျှပ်စစ်မီးပြတ်တောက်မှု
Published 28 April 2024

ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် လက်ရှိအချိန်၌ နေထိုင်သည့်နေရာတွင် လျှပ် စစ်မီးပြတ်တောက်မှု ရှိ မရှိကိုသာ သိရှိလိုသည့် အခြေအနေလည်းဖြစ်သည်။

“တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်ပြီး မေးဖြစ်တာဆိုရင် လျှပ်စစ်မီး လာ မလာဆိုတာက မပါမဖြစ် ပါတယ်။ မီးက တော်တော်ကို ဆိုးတယ်။ ပြတ်တာတော့ တော်တော်ကို ပြတ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

လျှပ်စစ်မီးပြတ်တောက်မှုမှာ သင်္ကြန် ကာလမတိုင်မီကတည်းက ဖြစ်ပွားနေခြင်း ဖြစ်ပြီး သင်္ကြန်ကာလနောက်ပိုင်းတွင် ပြတ် တောက်မှု ပိုများလာသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများထံမှ သိရသည်။

“မီးပြတ်တာကတော့ ပြောမနေပါနဲ့ တော့။ သင်္ကြန်မတိုင်ခင်ကတည်းက ပြတ်နေ တာ။ သင်္ကြန်ပြီးတော့ ပိုဆိုးတယ်။ လာရမယ့် အချိန်ကိုတောင် ပြတ်နေတယ်။ ဘယ်အချိန် ပြန်လာမလဲဆိုတာ မသိရဘူး။ EPC ကို မေး ရင်လည်း ဖုန်းဘီလ်ဖိုးကုန်တာပဲအဖတ်တင် တယ်။ သူတို့လည်း ရေရေရာရာ မဖြေနိုင်ဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက် လိုင်း ပြုပြင်မည်ဖြစ်သဖြင့် သင်္ကြန်ကာလ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် မီးပြတ်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း YESC က ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ များသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းထိန်း သိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဧပြီ ၁၀ ရက်မှ ဧပြီ ၁၇ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပါ သဖြင့် အဆိုပါ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ ဖြင့် မောင်းနှင်နေသော  ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ် လုပ် ပို့လွှတ်နိုင်မှု လျော့နည်းနေမည်ဖြစ် သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ခဲ့သည်။

သို့သော် သင်္ကြန်ကာလနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မ ှုပိုမိုဆိုးရွားလာခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောကြား သည်။

“ရန်ကုန်က အလှည့်ကျစနစ်နဲ့ပေးတာ ကိုတောင် မီးကိုမမှန်တော့ဘူး။ လာချင်တဲ့အ ချိန်လာတယ်။ ပြတ်ချင်တဲ့အချိန် ပြတ်တယ်။ အဲဒီပုံစံဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းမြောက် ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။

ယင်းသို့ လျှပ်စစ်မီးပြတ်တောက်မှုများရှိ လာခြင်းကြောင့် စက်မှုလက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များတွင် အပိုကုန်ကျမှုများရှိလာခဲ့ ပြီး ရပ်တည်ရန်ခက်ခဲလာသည်ဟု ရန်ကုန်မြို့ ခံများက ပြောကြားသည်။

“မီးမလာတော့ လုပ်ငန်းတွေလည်ပတ် ဖို့တော်တော်ကို ခက်နေပြီ။ ကျွန်တော်တို့လို လုပ်ငန်းသေးလေးတွေဆိုရင် ဆီဖိုးလည်းမ တတ်နိုင်တော့ ရပ်ထားရတယ်” ဟု အသေး စား စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦး က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင်လည်း လျှပ်စစ်မီးရရှိမှုမှာ တစ်ရက်လျှင် လေးနာရီခန့်သာ ရှိနေသဖြင့် လုပ်ငန်းများ လည်ပတ်ရန်ခက်ခဲလျက်ရှိသည် ဟု သိရသည်။

“စက်မှုဇုန်တွေဆိုရင် တစ်ရက်ကို လေး နာရီလောက်ပဲရတော့တာ။ ရပ်ကွက်တွေထဲ ကမှ မီးလာတဲ့အချိန်ပိုများတယ် ပြောလို့ရ တယ်။ စက်မှုဇုန်တွေမှာ တစ်ရက်မှ လေးနာရီ လောက်ပဲ ရတော့ လုပ်ငန်းလည်ပတ်ဖို့တော် တော်ခက်ခဲတယ်။ စက်သုံးဆီကလည်း တက် နေတော့ ဆီဖိုးအတွက်က ပိုကုန်တာပေါ့။ အဲဒီတော့  ကုန်ကျစရိတ်တွေက ပိုတက်လာ တယ်” ဟု သာကေတစက်မှုဇုန်တွင် နေထိုင် သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန် တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်း ပွင့်စေတီတော်ဂေါပကအဖွဲ့၏ အလှူခံကြော် ငြာသည်လည်း လူမှုကွန်ရက်သုံးစွဲသူများ အကြားတွင် ရေပန်းစားခဲ့သည်။

အဆိုပါကြော်ငြာမှာ လျှပ်စစ်မီးပြတ် တောက်မှုများရှိလာသဖြင့် ဆိုလာလျှပ်စစ်မီး အတွက် လျှပ်စစ်မီးတစ်ပွင့်လျှင် ကျပ်ငါး ထောင်ဖြင့် လာရောက်လှူဒါန်းနိုင်သည့်အကြောင်းကို ကဗျာရေးသားထားပြီး ကြော်ငြာ ထားခြင်း ဖြစ်သည်။

‘ဖျတ်ခနဲလက် ဖျတ်ခနဲပျက်၊ ဘုရားကြီး လည်း မီးခက်ပါတယ်။ အမှောင်ထဲက ရုန်း ထွက်ဖို့ ဆိုလာမီးကို လှူကြပါစို့’ ဟူသည့် စာ သားနှင့်အတူ လျှပ်စစ်မီးတစ်ပွင့်လျှင် ကျပ် ငါးထောင်နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း ကြော်ငြာထားသည်။

 ရန်ကုန်မှာက မီးတော်တော်ပြတ်တယ်။ လာတဲ့အချိန်က နည်းတယ်။ လာရင်လည်း ခဏလာ၊ ပြီးတာနဲ့ ပြန်ပြတ်သွားတော့ ဘာမှ ကို မလုပ်နိုင်ဘူး” ဟု ရန်ကုန်မြို့တွင်နေထိုင် သူတစ်ဦးက ပြောကြားသည်။

အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်သူ များအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများ ကြောင့် ရေမတင်နိုင်သည့်အခြေအနေများ လည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

          “ မီးလာလို့ ရေတင်လို့မရလားမှတ်တယ်။ လာတဲ့အချိန်က ခဏလေးဆိုတော့ အောက် ကရေက ကန်ထဲတောင်မရောက်ဘူး။ မီးက ပြန်ပြတ်သွားရော။ ရေလည်းတင်မရတော့ လူမှုကူညီရေးအသင်းတွေကို ခေါ်ပြီး ရေယူ ရတယ်။ သူတို့ကိုကျတော့ ဆီဖိုးပြန်လှူရတာ ပေါ့။ တိုက်မှာနေတဲ့သူတွေက စုပေါင်းကျခံ ရတာပေါ့” ဟု ပုဇွန်တောင်မြို့နယ်တွင် နေ ထိုင်သူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်မီးပြတ်တောက်မှုအပြင် ရန်ကုန် မြို့တွင် နေထိုင်သူများမှာ အပူဒဏ်ကိုလည်း ခံစားနေရသည်ဟု သိရသည်။

“မီးလာရင် ပန်ကာလည်း ဖွင့်လို့ရသလို အဲကွန်းလည်း ဖွင့်လို့ရတယ်။ အခုက အိပ်ချိန် မှာပါ လာလိုက်ပြတ်လိုက်ဆိုတော့ ညဘက် တွေဆို အိပ်လို့လည်း မရဘူး။ တော်တော်ဆိုး တယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ယခုနှစ် နွေရာသီမှာ ပြီးခဲ့တဲ့ နွေရာသီ ကာလထက် ပိုမိုပူပြင်းလာသည်ဟု ဆိုရမည် ဖြစ်သည်။

ဧပြီလဆန်းပိုင်းက အပူရှိန်ကြောင့် ရန်ကုန်မြို့တွင် အမျိုးသားအချို့ မူးလဲကျသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပြီး သေဆုံးမှုများလည်း ရှိခဲ့သည်။

“အပူချိန် လွန်ကဲလာခြင်းကြောင့် ရောဂါအခံရှိသူများ သတိထားစရာပါ။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရော ဂါအခံရှိ ပါက နေပူထဲသို့ မသွားသင့်ပါ။ လဆန်းပိုင်းမှ စ၍ ကျွန်မတို့ အတွေ့အများဆုံး လူနာမှာ ဦးနှောက်သွေးကြောပေါက်ခြင်း၊ ရုတ်တရက် သေဆုံးခြင်း၊ မူးလဲခြင်း၊ အဖျားကြီးလူနာများ တွေ့နေရပါသည်။ အတတ်နိုင်ဆုံး မသွားမ ဖြစ်သွားရပါက မနက်စောစော ဒါမှမဟုတ် ညနေပိုင်းနေညိုချိန် သွားလာပါ။ အရိပ်ရ သော နေရာ၊ အပူချိန်သက်သာသော နေရာ နေထိုင်ပါ။ အဝတ်အထည်များကို ချည် ထည်ဝတ်ဆင်ပါ။ ရေခဲရေ မသောက်ပါနှင့်။ ကားအတွင်း ဗငမခသည မှ အပြင်သို့ ရုတ်တ ရက်မထွက်မီ အအေးချိန်ကိုလျှော့ချပါ” ဟု လင်းလက်ပရဟိတလူမှုကူညီရေးအသင်းက ရေးသားထားသည်။

အပူချိန်မြင့်တက်လာမှုကြောင့် နောက် ဆက်တွဲသတိထားရမည့် ပြဿနာမှာ ကျန်း မာရေးဆိုင်ရာပြဿနာများပင်ဖြစ်သည်။

ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာခြင်း နှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေးအန္တ ရာယ် တစ်ရပ်မှာ အပူလျှပ်ခြင်း (Heat Stroke) ဖြစ်သည်။

ယင်းသည် အပူကြောင့်ဖြစ်သော ထိခိုက် မှုများထဲတွင် အဆိုးဆုံးဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) နှင့်အထက်တွင် ဖြစ်ပွား တတ်သည်။ အရေးပေါ် ကုသမှုခံယူရန် လို အပ်သည့် အခြေအနေမျိုးဖြစ်ပြီး အချိန်မီ မကု သနိုင်ပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးသွားစေနိုင် ပြီး ကုသမှုခံယူရန် နှောင့်နှေးလေလေ ထိခိုက် ပျက်စီးခံရနိုင်ခြေ များလေလေဖြစ်ကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိ သည်။

အပူလျှပ်ခြင်း ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ အပူလွန်ကဲသော ပတ်ဝန်းကျင် နှင့် ထိတွေ့ခြင်း၊ ပြင်းထန်စွာအလုပ်လုပ်ခြင်း၊ အဝတ်အစားများ ထူထဲစွာ ဝတ်ဆင်ခြင်း၊ အ ရက်သောက်ခြင်း၊ ဆုံးရှုံးသွားသော ရေဓာတ် များကို ပြန်လည်မဖြည့်ခြင်း အစရှိသည်တို့ ဖြစ်သည်။

မည်သူမဆို အပူလျှပ်ခြင်း  ဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေ ပို၍မြင့်မားစေသော အချက်များမှာ အသက်အရွယ် အပူဒဏ်ခံနိုင် စွမ်းသည် ဗဟိုအာရုံကြောစနစ်အပေါ်မူ တည်ပြီး ငယ်ရွယ်လွန်းပါက အာရုံကြောစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးသကဲ့သို့ အသက် ၆၅ နှစ်အထက်တွင်လည်း အာရုံကြောစနစ်ယို ယွင်းပျက်စီးလာနိုင်ကြောင်း၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူချိန်ပြောင်းလဲ မှုဒဏ်ကို ခံနိုင်ရည်နည်းပါးကြောင်း သိရ သည်။

ထို့ပြင် ပူပြင်းသော ရာသီဥတု၌ ပြင်း ထန်စွာလှုပ်ရှားခြင်း ဥပမာ ပူပြင်းသောရာ သီဥတုမှာ ပြင်းထန်သော လေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့သို့သော အားကစားများ၌ ပါဝင် ခြင်းတို့ဖြစ်ကြောင်း၊ ရုတ်တရက် ပူပြင်းသော ရာသီဥတုနှင့် တွေ့ထိခြင်း၊ အဲကွန်းမရှိခြင်း (ပန်ကာကြောင့် အပူဒဏ် သက်သာနိုင်သော် လည်း တစ်လျှောက်လုံး ပူပြင်းသော ရာသီဖြစ် ပါက အဲကွန်းသည်သာ အပူကို အထိရောက် ဆုံး လျှော့ချပေးနိုင်သည်)၊ ဆေးဝါးများ (အချို့ သောဆေးဝါးများက ခန္ဓာကိုယ်၏ ရေ ဓာတ်ထိန်းသိမ်းမှုနှင့် အပူကို တုံ့ပြန်မှုအား ထိခိုက်စေနိုင်သည်။ ရာသီဥတု ပူပြင်းပါက သွေးကြောကျဉ်းစေသော ဆေးများ၊ သွေးကျ ဆေးများ၊ ဆီးဆေးများနှင့် စိတ်ကျရောဂါ အတွက် သုံးသောဆေးများကို သတိထားသုံး စွဲသင့်သည်) အစရှိသည်တို့ ဖြစ်သည်။ ၎င်းင်း အပြင် အဝလွန်သူများ၊ ယခင်က အပူလျှပ် ခြင်း ဖြစ်ဖူးသူများနှင့် နာတာရှည်ရောဂါများ ဖြစ်သည့် နှလုံး (သို့မဟုတ်) အဆုတ်ရောဂါ ခံစားနေရသူများမှာ အပူလျှပ်ခြင်း ဖြစ်နိုင်ခြေ ပိုများကြောင်း သိရသည်။

လျှပ်စစ်မီးပြတ်တောက်မှုနှင့် အပူဒဏ် ကို ခံစားနေရသည့် ရန်ကုန်မြို့ခံများအတွက် လာမည့်ရက်ပိုင်းအတွင်း မိုးရွာသွန်းမည့်အ ခြေအနေကိုလည်း စောင့်ကြည့်လျက်ရှိသည် ဟု ရန်ကုန်မြို့ခံအချို့ကဆိုသည်။

“မိုးရွာမှ အပူဒဏ်ကလည်း သက်သာမယ်။ ပြီးတော့ ရေ ရမှ လျှပ်စစ်ကပြန်ရမယ့် သဘောဆိုတော့ မိုးကို မျှော်တာပေါ့။ အပူလည်း လျော့မယ်လေ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။                       

Most Read

Most Recent