ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရသည့် (၁၄)သင်းမြောက် လာလီဂါကလပ်အသင်းအဖြစ် ဂျီရိုနာမှတ်တမ်းဝင်

ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရသည့် (၁၄)သင်းမြောက် လာလီဂါကလပ်အသင်းအဖြစ် ဂျီရိုနာမှတ်တမ်းဝင်
Photo : AFP
Photo : AFP
Published 6 May 2024

မေ (၄)ရက်နဲ့ ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၃၄)တွင် ဘာစီလိုနာအသင်းအား (၄-၂) ဂိုးဖြင့်အနိုင်ရခဲ့သည့် ဂျီရိုနာအသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာသေချာသွားခဲ့ပြီး ယင်းပြိုင်ပွဲအားယှဉ်ပြိုင်ခွင့်ရသည့် (၁၄)သင်းမြောက် လာလီဂါကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

ကတ်တလန်အခြေစိုက် ဂျီရိုနာအသင်းသည် ယခုရာသီအပါအဝင် အသင်းသမိုင်းတစ်လျှောက် လာလီဂါပြိုင်ပွဲအား (၄)ရာသီသာယှဉ် ပြိုင်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲအားယှဉ်ပြိုင်ခွင့်ရသည်အထိ အလျင်အမြန်တိုးတက်မှုကိုပြသနိုင်ခဲ့သည်။

ထို့ပြင် ဂျီရိုနာအသင်းအနေဖြင့် ယခုရာသီလာလီဂါအမှတ်ပေးဇယားတွင် အဆင့် (၂)နေရာဖြင့် ရာသီသိမ်းနိုင်ရန် နီးစပ်လျက်ရှိနေပြီး ယင်းကဲ့သို့စွမ်းဆောင်နိုင်ခဲ့ပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘာစီလိုနာအသင်း၏အထက်တွင် ရပ်တည်နိုင်သည့် မှတ်တမ်းကောင်းတစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဂျီရိုနာအသင်းသည် လက်ကျန်လာလီဂါပွဲစဉ် (၄)ပွဲတွင် အလာဗတ်စ် (အဝေး)၊ ဗီလာရီးယဲလ် (အိမ်)၊ ဗလင်စီယာ (အဝေး)နှင့် ဂရန်နာဒါ (အိမ်)တို့ နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent